ကိုသန်းလွင် ● အိန္ဒိယမှ နာမည်ပြဿနာ

 
ကိုသန်းလွင် ● အိန္ဒိယမှ နာမည်ပြဿနာ
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇

(၁)
အိန္ဒိယရှိမြို့တော်ကြီးများသည် ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ဆုံးလျက်ရှိသည်။ ၁၉၉၅ ခုနှစ်က ဘုံဘေ (ပေါ်တူဂီအမည် Bon bian) သည် မွန်ဘိုင်းဖြစ်လာသည်။ ၁၉၉၆ ခုနှစ်က မဒရပ်သည် ချနိုင်မြို့ဖြစ်လာသည်။  နောင်လာမည့်အနှစ် ၂၀ အ တွင်း တွင် အိန္ဒိယရှိ မေဂျာမြို့ကြီးများသည် တမြို့ပြီး တမြို့ နာမည်အသစ်များရရှိကြသည် ကိုချင်း (Cochin) သည် Kochin ဖြစ် လာသည်။ ဘန်ဂလိုမြို့မှာ Bangalura ဖြစ်လာသည်။ Calcutta မြို့သည်  Kolkata ဟု ဖြစ်လာသည်။

ကလကတ္တားမှာ Kolkatta အဖြစ်သို့ အဘယ်သို့ပြောင်းလဲသည်ကိုမသိရပါ။ ပြင်သစ်လူများတို့က Paris ကို Paree ဟု ခေါ် ရမည်ဆိုသကဲ့သို့ ဖြစ်သည်။ Travandram ကဲ့သို့ မိမိနာမည်ဟောင်းကိုပင်ပြန်ပြောင်း၍ရသည့် မြို့လည်းရှိပါသေးသည်။ (Thiruvananthapuram as in 1991) ဗြိတိသျှတို့ခေတ်က အခြေအနေအမျိုးမျိုးတို့ အရ အခြားနာမည်ကို ယူလိုက်ရပါသည်။

(၂)
အိန္ဒိယတွင် နာမည်သည် နာမည်ခေါ်ရုံသက်သက်မဟုတ်ပါ။ အိန္ဒိယပြည်၏ ပထမဦးဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သည့် နေရူးက အိန္ဒိယပြည်တွင်ရှိနေသော အဖြစ်အပျက်၊ စိတ်ကူးစိတ်သန်း မျှော်လင့်ချက်များသည် သူတို့ ကိုယ်စားပြုလို သောမည်သည့် အချက်တခုကိုမျှ ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်သည်မဟုတ်၊ တခုနှင့်တခု ထပ်၍လည်း ဖေါ်ပြကြသည်။ ဗြိတိသျှ၊ မွတ်စလင်၊ ဟိန္ဒူ စသည်ဖြင့် သမိုင်းသည် အမျိုးမျိုးကွဲပြားနေခြင်းအပေါ် ငြီးငြူခဲ့ဖူးသည်။ သူက အချိန်ကာလအမျိုးမျိုးကိုလိုက်၍ လူတို့ သည်အမွေအမျိုးမျိုးကို ခံယူနေကြသည်လည်း ရှိသည်။ တခုနှင့် တခု ကျေကျေလည်လည်ရှိကြသည်မဟုတ်ဟုရေးခဲ့ဘူးသည်။

သမိုင်းကိုကြည့်ရှုရာတွင် အမည်နာမသည် ကြည့်ရှုသူအပေါ်တွင် လိုက်၍ပြောင်းလဲနေသည်။ အပြင်မှလူများက သေချာ စေ့ငုကြည့်လေလေ အကြည့်ခံရသူအဖို့ အရေးကြီးလေလေဖြစ်သည်။ အန္ဒိယသမိုင်းအပေါ်တွင် အဓိပ္ပါယ် တလွဲကောက် မည်ကို စိုးရိမ်သူများအဖို့ကလည်း၊ အမည်နာမသည် အရေးကြီးလှပါသည်။ အထူးသဖြင့် မိမိနိုင်ငံအပေါ်တွင် မိမိမြင်သလို အခြားလူများကမြင်စေလိုကြမှာ အမှန်ပင်ဖြစ်ပါသည်။

ထို့ကြောင့်နာမည်များပေးကြရာတွင် ပေးသည့်လူအပေါ်တွင်မူတည်၍ အဓိပ္ပါယ်ကောက်ယူပုံအမျိုးမျိုး ကွဲပြားကြသည်။ ဗြိတိသျှတို့ထွက်ခွါသွားပြီဆိုသည်နှင့် နာမည်ပြောင်းဘို့အရေးသည် စတင်၍လုပ်ရသောအလုပ်ဖြစ်လာသည်။ ဒေလီမြို့မှ လမ်းများကိုကြည်လိုက်လျင် တခုပြီး တခုပြောင်းလဲနေကြသည်။ Harding Avenue မှာ Tilak Mark ဖြစ်လာသည်။  willingdon Crecent မှာ Mother Terasa Road ဖြစ်လာသည်။ South East Lane မှာ ယခင်က မြို့တော်၏ ဘော်ဒါနေရာကို ပြသရာ မှ Rajesh Pilot ဖြစ်လာသည်။

ဗြိတိသျှတို့မှာ နောက်ဆုံးမှရောက်လာသူတို့ဖြစ်သည်။ မွတ်စလင်တို့က ၁၁ ရာစုမှ ၁၈ ရာစုနှစ်အထိ ကြီးစိုးထားကြသည်။ မွတ်စလင်ကြီးစိုးမှုက အနှစ် ၄၀၀ မျှရှိခဲ့ရာ နယ်ခံလူထုမှာ ဘာသာရေးကိုမပြောင်းလဲဘဲ ကြံ့ကြံ့ခံခဲ့ကြရသည်။ ဟိန္ဒူတို့က သမိုင်းဖြစ်စဉ်ကာလတခုလုံးရှိနေကြသည်။ ဤသုံးမျိုးမှာ တစုံတခုဖြစ်၍ကြည့်လိုက်တိုင်း တခုနှင့်တခု အားပြိုင်လျှက်တွေ့ ရှိ ရသည်။

ကြည့်လေရာရာတွင် မွတ်စလင်နှင့် ဟိန္ဒူတို့ကိုရောလျက်တွေ့ရသည်။ Kannauj မှာ မွတ်စလင်မြို့တော်ဖြစ်သည်။ Kaya kubja မှာ ဟိန္ဒူမြို့တော်ဖြစ်သည်။ မွတ်စလင်မြို့တော်မှာ ဟိန္ဒူတို့၏ မြို့လယ်ခေါင်တွင် ကျရောက်နေသည်။ အေဒီ ၈  ရာ စုက မြစ်သုံးစင်းဆုံရာတွင် မြို့တည်ထားသော မွတ်စလင်ဘုရင် ရာစိုဗားမား (Yasoburman  Allalabad) မှာလည်း ဟိန္ဒူ မြို့တော်  Prayaagu မြို့တော်အပေါ်တွင် ကျရောက်လျက်ရှိသည်။ ဗာရာနသီမြို့တော်မှာ ဟိန္ဒူတို့၏မြို့တော်ဖြစ်ပြီး ၎င်း သည် မွတ်စလင်တို့၏ ဗလီများကြားတွင်တည် ရှိသည်။

တချိန်က မွတ်စလင်တို့ ကြီးစိုးခဲ့သဖြင့် မွတ်စလင်ဦးရေမှာ ၁၇၀ သန်းမျှရှိခဲ့ရာ ဗြိတိသျှတို့က ကြိုက်သည်ဖြစ်စေ၊ မကြိုက် လျှင်ဖြစ်စေ သူတို့အမွေခံရမည့်သူများ ဖြစ်နေတော့သည်။ အမွေခံရမည့်သူမှာ ထိုက်ထိုက်တန်တန် ရှိဘို့လိုသည်။ ဤကဲ့သို့ သောမွတ်စလင် အတိတ်ကာလကို ပယ်ဖျောက်၍မရနိုင်သလို ဗြိတိသျှတို့ကလည်း ပယ်ဖျောက်ရန် မကြိုးစားခဲ့ပေ။ အိန္ဒိယ ၏ကိုင်တွယ်ပုံမှာ အမြဲတစေ တဦးနှင့်တဦးအေးချမ်းစွာ ယှဉ်တွဲနေထိုင်ရန်ပင်ဖြစ်သည်။ မြို့တော်ကြီးများ၌ ဘာသာတရား ကိုးကွယ်မှု တမျိုးထက်ပို၍ရှိနေသည်ဆိုလျှင် ထိုအတိုင်းပင် ထားလိုက်ခြင်းဖြစ်သည်။ ဥပမာ ဗာရာဏသီမြို့ဆိုလျင် ဗာရာ နပ် (Baranas) မွတ်စလင် နာမည်ပင်ရှိနေသေးသည်။ ဟိန္ဒူတို့၏ အခြေခံနာမည်နှင့် ယဉ်ကျေးမှုဆိုင်ရာအထိမ်းအမှတ် များ၊ ပွဲများကျင်းပချိန်တန်လျင် သက္ကဋဘာသာဖြင့် (Kashi) ဟု ခေါ်ကြသည်။

အိန္ဒိယလူမျိုးတို့၏ ဘာသာရေးဆိုင်ရာ ကြီးကျယ်မြင့်မားမှုသည် အတိတ်ကာလကကဲ့သို့ ဖြစ်သွားသည်။ ဟိန္ဒူတို့၏သြဇာ က ကြီးထွားလာနေသည်။ ဘီဂျေပီပါတီ (BJP - Baratiya Janata Party) က အာဏာရရှိသွားသဖြင့် ဟိန္ဒူတို့က တန်ခိုး ထွားလာသည်။ ၎င်းတို့က ဘာသာရေးကို လက်နက်သဘွယ် အသုံးပြုလိုကြသည်။ အယုဒ္ဓယတွင် ဟိန္ဒူဘုရား Ram ၏ နယ်မြေဖြစ်နေသဖြင့် ၁၆ ရာစုနှစ်ကတည်ဆောက်ထားသော မွတ်စလင်ဘုရားကျောင်းကို ဖျက်ဆီးသဖြင့် အဓိကရုဏ်း ဖြစ်ကာ လူ ၂၀၀၀ ကျော် သေဆုံးခဲ့ရဘူးသည်။

၂၀၁၅ ခုနှစ်တွင် အာဏာရလာခဲ့သော နရန်ဒါမိုဒီ၏လက်ထက်တွင် နာမည်ကိစ္စကို ဂရုတစိုက်သုံးစွဲလာသည်။ ၁၇ ရာစုနှစ် က ထင်ရှားခဲ့သောမွန်ဂိုဘုရင်ကိုအစွဲပြု၍ မှည့်ခေါ်ထားသော Aurangzeb Road ဗြိတိသျှတို့ နယူးဒေလီတွင် အဓိက လမ်းမကြီးရှိခဲ့ရာ ၎င်းကို (Abdual Kalan Road) ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ အဗ္ဗဒူကာလမ် မှာ ၂၀၀၀ ခုနှစ် စောစောပိုင်းက အိန္ဒိယကို နျူကလီးယားနိုင်ငံဖြစ်အောင် ပြောင်းလဲပေးခဲ့သူ မွတ်စလင်သမ္မတကြီးဖြစ်သည်။

အိန္ဒိယ၏ မွတ်စလင်အတိတ်ကာလမှာ မကောင်းသောအရာများနှင့် ပြည့်နှက်နေသည်။ ဘီဂျေပီအမတ်က မွတ်စလင်တို့ အုပ်စိုးသောအချိန်ကို နှစ်ပေါင်းထောင်ချီ၍ ကြာခဲ့သော ကျွန်ပြုခံရမှုဟု ပြောဆိုလိုက်သည်။ တိုင်းပြည်စည်ပင်ခြင်း၊ ကောင်းစားခြင်းများမှာသူ့အတွက်ထည့်သွင်းစဉ်းစားရန်မလိုဟု ယူဆဟန်ရှိသည်။ သူက Akbar Road ကို တတိယမွန်ဂိုဘုရင်၏ နာမည်ဖြင့်ရှိနေသော လမ်းနာမည်ကို ထိုမွတ်စလင်ဘုရင်ကတိုက်ခိုက် အောင်မြင်ခဲ့သော ဟိန္ဒူဘုရင်၏နာမည်ကို ပြောင်းဖို့ တောင်းဆိုခဲ့သည်။

မွတ်စလင်တို့၏ အောင်မြင်သောအတိတ်ကာလသမိုင်းများမှာ ဟိန္ဒူတို့၏မျက်လုံးများတွင် မဆုံးနိုင်သော ကျရှုံးမှုများပင် ဖြစ်သည်။ မကြာသေးမီက နိုင်ငံခြားသားများကို မွတ်စလင်ဘုရင် ရှားဂျဟန်၏ တပ်ချမဟာပုံတူများဖြင့် လက်ဆောင်ပေး သည်ကို အိန္ဒိယကို ကိုယ်စားပြုသော လက်ဆောင်မဟုတ်နိုင်ပါဟု ဟိန္ဒူလူမျိုးတဦးက ပြောဆိုသည်။

အိန္ဒိယပြည်၏ နာမည်အခေါ်အဝေါ်ပြသနာမှာ ယခုအချိန်အထိ ပြဿနာတက်နေတော့သည်။ အိန္ဒိယပြည်သည် ကိုလိုနီ လက်အောက်မှလွတ်မြောက်ပြီးစ အခြားနိုင်ငံများနှင့်အတူ သူ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများမှာ အသစ်ပြန်လည်မွေးဖွား လာသည်။ သူတို့၏နိုင်ငံကို ကိုလိုနီအစိုးရက အိန္ဒိယနှင့် ပြည်သူတရပ်လုံးက ဘာရပ်တ (Barata) ဟုလည်း ခေါ်သည်။ သက္ကဋ (Sankrit)  အခေါ်အဝေါ်အရ ဘာရပ်တဟုခေါ်ပြီး ဟင်ဒီဘာသာအရ ဘာရပ် (Bharat) နှင့် နီးစပ်သည်။ အိန္ဒိယ ဆိုသောစကားလုံးမှာ အင်ဒို (Indos) ဆိုသည်မှာ Greek စကားလုံးဖြစ်ပြီး အင်ဒုစ်မြစ်ကို ခေါ်ဝေါ်သည်။ သက္ကဋသာဘာ အနေဖြင့် Sindus မှာ မြစ်ဖြစ်သည်။

အိန္ဒိယနှင့် ဘာရပ်တမှာ အနောက်နိုင်ငံနှင့်အမှီလိုက်လိုသော လူထုနှင့်၊ မိမိဘာသာ မိမိယဉ်ကျေးမှုကိုပင် လုံလုံခြုံခြုံ ထိမ်း သိမ်းထားလိုသူတို့၏ လိုက်နာအပ်သော ဘာသာစကားရပ်ဖြစ်သည်။ ထိုအုပ်စုနှစ်ခုမှာ အလွယ်တကူ ညီညွတ်မှုကို မရနိုင် ပေ၊ အိန္ဒိယမှာ အနောက်တိုင်းနိုင်ငံအသုံးအနှုန်း ဥပမာ မိုဘိုင်းဖုံးကိုင်လိုသူတို့၏ ယဉ်ကျေးမှုဖြစ်သည်။ မိုဘိုင်းဖုံးတလုံးမှ အနောက်တိုင်းဆန်သောယဉ်ကျေးမှုတို့ ဖြစ်လာနိုင်ပြီး အနောက်တိုင်း ဆန်သောအမြင်ကိုဖြစ်ပေါ်စေနိုင်သည်။ တကယ်ဖြစ် နေသည်ကမူ အပြင်ဘန်းမှကြည့်လျှင် အနောက်တိုင်းယဉ်ကျေးမှုကိုမြင်ရပြီး တကယ်အရင်းအမြစ် အိန္ဒိယနိုင်ငံ၏ တန်ဘိုး က အတွင်းကရှိနေမည်ဖြစ်သည်။

အနောက်တိုင်းယဉ်ကျေးမှုသဘောကဖေါက်ထွင်းလာမှုကို အိန္ဒိယတွင် ထင်ရှားလာသော Rape ကိစ္စက ဖေါ်ပြနေသည်။ အနောက်တိုင်းယဉ်ကျေးမှုသည် သန်မာခြင်း ထွားကြိုင်းခြင်းကို ပြသနေပြီး တကယ်အိန္ဒိယယဉ်ကျေးမှုကို ထိမ်းသိမ်းသူတို့က အင်အားမရှိခြင်း၊ အင်အားကြီးသူက ပြုသမျှကို ခံရမည့်သဘောဖြစ်နေသည်။ Rape Case သည် အသက်၂၃ နှစ်အရွယ် ဂျို တီဆင်း (Jyoti Singh) ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည်။ သူသည် အင်အားကြီးသူတို့က ဝိုင်းဝန်းမတရားကျင့် သည် ကိုခံရပြီး ထိုဒဏ်ရာများနှင့်ပင် သေဆုံးခဲ့သည်။

ဤနေရာအထိကိုပင် အမည်ပေးသော ပြဿနာက လိုက်လာခဲ့သေးသည်။ ထိုကဲ့သို့သော ပြစ်မှုကြီးများသည် အိန္ဒိယမှာသာ ဖြစ်ပွားပြီး ဘာရပ်မှာဖြစ်ခဲ့ခြင်းမဟုတ်ဟု ဆိုသည်။  ဘာရပ်မှာ ထိုကဲ့သို့သောပြစ်မှုမျိုးသည် ဖြစ်ပွားလေ့မရှိ၊ အနောက်တိုင်း ယဉ်ကျေးမှုက တန်ခိုးထွားလာမှုကြောင့် အိန္ဒိယမှာသာ ဖြစ်ပွားရသည်။

(၃)
အိန္ဒိယသည် အနည်းဆုံး ဘာသာရပ်ကြီး ၃ ခု၏ အခြေခံရာမြေဖြစ်သည်။ ထိုဘာသာရပ်ကြီးများသည် လူသန်းပေါင်းများစွာ တို့၏ဘဝတခုလုံး၏ ယုံကြည်ရာကိုပေးသည်။ အိန္ဒိယသမိုင်းကို ဟိန္ဒူတို့၏အယူဝါဒက လွှမ်းမိုးသည်ဆိုစေဦး၊ မွတ်စလင်များ ၏လက်ရာ၊ ခြေရာများကျန်နေသေးသည်။ ယနေ့လူသားများက ကြိုက်သည်ဖြစ်စေ၊ မကြိုက်ဖူးဘဲဆိုစေ အနှစ် ၄၀၀ မျှ လွှမ်းမိုးမှုဒဏ်က ကျန်ရှိနေမည်သာဖြစ်သည်။

ယနေ့လူငယ်ထုသည် အပြင်မှမြင်ရသည့်ဘဝက အနောက်နိုင်ငံ၊ အတွင်းက အိန္ဒိယ၏ အနှစ်သာရကိုဖေါ် ဆောင်လျက်ရှိနေ ပေသည်။

ကိုသန်းလွင်
Ref: In India, a name is rarely just a name, Aatish Taseer, New York Times July 27 2017.


photo credit : TRÂNSITO
0