မောင်စိုးချိန် - ဟောင်းအိုသစ်သီး


မောင်စိုးချိန် - ဟောင်းအိုသစ်သီး
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၈

ဖူဂျီ ပန်းသီး
စတော်ဘယ်ရီ
လိမ်မော် ချယ်ရီ
ဘယ်ရာသီအသီးနဲ့မှ မတူ
ဟောင်းအို အဆိပ်သီး။

သီးကင်းစ
လိမ္မော်ရောင်နဲ့ ဖမ်းညှို့ထား လှည့်စား
နောက်ထပ် အရွယ်ရောက်လာ
စတော်ဘယ်ရီနံ့  စွဲမက်စရာ
ချိုမြိန်စရာအဖြစ် ဖြားယောင်းထား
အပေါစား ပရိယာယ် ကြွယ်ဝ။
စားကြဖို့ ဖိတ်ခေါ်လေ
သစ်သီးက ခါးတူးလေလေ
ဝါဒဖြန့်ချီလေ
အာဏာအဆိပ်ဓါတ် ပြင်းထန်လေ
စက်ဆုတ်ရွံရှာ ချဉ်တူးလေ
ရစ်မူးသူမရှိတဲ့ အဆိပ်သီး
နောက်ဆုံး ဇာတိရုပ် ဘွားဘွားပေါ်လာ
၈၈မှာ ဝိုင်းပြီးလူထုအင်အားသုံး ရိုက်ခြွေချ
ပက်ပက်စက်စက် တစ်ခဲနက်။
ကြွေကျတော့တာပဲ
ဒါပေမယ့် သံချေးထုတ် ဆေးဖြူသုတ်
ပြန်ပြီး ကောက်တပ် ဒီအဆိပ်သီးပဲ
ပင်အိုညှာတန်မှာ သစ်သီးတွဲလျား
ဒီတခါတော့ ရိုက်ချ ခြွေချအပြီး
မီးရှို့ ပြာချ ပစ်ရမှာ
ဒါမှသာ အစတုံး မယ်ပ။
မောင်စိုးချိန်
ဧပြီ ၁၂၊ ၂၀၁၈

Comments