ဆောင်းဖြူ - မေတ္တာစာ


ဆောင်းဖြူ - မေတ္တာစာ
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၅
သားဟာ
အမေ့အတွက် ‘အား’ ဖြစ်တယ်။

အမေက
သားအတွက် ‘တံတား’ ပေါ့။

ဒီတံတားကို နင်းလျှောက်ပြီး
ရည်ရွယ်ရာဆီ ရောက်အောင်သွားပါ ...

ဘ၀မှာ ရင်ဆိုင်ရမယ့် အပူမီးတွေအတွက်လည်း
အမေ့ မေတ္တာထီးနဲ့ အုပ်မိုး
ဒုက္ခဆိုးက လွတ်စေမယ် ။

သားဟာ
တံတားအတွက်
အားပေါ့ ...။

ဆောင်းဖြူ @ Saung Phyu
ဇွန် ၂၃၊ ၂၀၁၅