ဆောင်းဖြူ - ၀န်ကြီးများရုံးတစ်နေရာ


ဆောင်းဖြူ - ၀န်ကြီးများရုံးတစ်နေရာ
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၅


ဒီတံခါးရဲ့ အတွင်းဘက်မှာ
ကိုလိုနီ လက်ရာတွေ ရှိတယ်

ဒီတံခါးရဲ့ အတွင်းဘက်မှာ
သမိုင်းဝင် အထင်ကရတွေ ရှိတယ်

ဒီတံခါးရဲ့ အတွင်းဘက်မှာ
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေ ရှိတယ်

ပြီးတော့… …
ဒီတံခါးရဲ့ အတွင်းဘက်မှာ
စတင်ခြင်းနဲ့ ပြီးဆုံး ခြင်းတွေ ရှိတယ်

မြို့လယ် ကောင်မှာ ရှိနေတဲ့
ပိတ်ခံထားရတဲ့ တံခါးက
ပစ်ပယ်ခံရခြင်းနဲ့
ပျက်စီးခြင်းတို့ကို ဖွင့်ဆိုသလို

အတိတ်က အဖြစ်အပျက်တွေကိုလည်း
ဖွင့်ဟလှစ်ပြနေခဲ့တ ယ်။

ဆောင်းဖြူ

××××××××××××

မိုးမခတွင် ဖော်ပြထားသည့် ဆောင်းဖြူ၏ ကဗျာများ

၁) မေတ္တာစာ
http://moemaka.com/archives/44201
http://blog.moemaka.com/2015/06/blog-post_734.html

၂) အစ်ကို
http://moemaka.com/archives/44227
http://blog.moemaka.com/2015/06/blog-post_231.html

၃) မြေစာပင်ရဲ့တေး
http://moemaka.com/archives/44296
http://blog.moemaka.com/2015/06/blog-post_281.html

၎) တံခါးများ
http://moemaka.com/archives/44482
http://blog.moemaka.com/2015/07/blog-post_86.html