ဆောင်းဖြူ - အဲဒီသတင်းတွေကို ကျော်လိုက်


ဆောင်းဖြူ - အဲဒီသတင်းတွေကို ကျော်လိုက်
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅


( ၁ )
မနက်ခင်းမှာ
တစ်ချက်တည်းကျင်းဝင် သတင်းနဲ့
မျက်နှာသစ်ရ …။

နယ်စည်းမခြားမိုးကျရွှေကိုယ်တွေ
စာမျက်နှာပေါ်ဆောင့်ကြွားကြွားနဲ့ ။

အဆွေတော် ၊ အကြည်တော်
အပြန်အလှန်ပို့သကြတဲ့ သ၀ဏ်လွှာတွေလည်း
မျက်နှာဖုံးမှာ သိက္ခာတော်ရ။

ဘောင်းဘီချွတ် ၊ ခေါင်းပေါင်းပေါင်း
နားစေ၊ ရွှေ့စေ၊ ခန့်စေ
အမိန့်အရသတင်းတွေလည်း
ဟိုမှာဒီမှာပလူပျံ။

ချိုးဖြူငှက်ကို ဟင်းပွဲတည်နေတဲ့
ငြိမ်းချမ်းရေး ညစာ အခင်းအကျင်းကလည်း
ခေါင်းစီးသတင်းမှာ ခန့်ခန့်ထည်ထည်။

( ၂ )
ကျော်လိုက်
အဲဒီသတင်းကို ကျော်လိုက်
အပြင်မှာ ဆင်းရဲ
သတင်းမှာ ချမ်းသာနေတာကို ကျော်လိုက်
အပြင်မှာ လယ်သိမ်း
သတင်းမှာ စပါးနှံ ယိမ်းကနေတာကို ကျော်လိုက်
အပြင်မှာ သစ်ခိုး
သတင်းမှာ ပြည်သူ့အကျိုး သယ်ပိုးနေတာကို ကျော်လိုက်။

ကျော်လိုက် ကျော်လိုက်
လူ့အသိဉာဏ်ကို စော်ကားတဲ့
အဲဒီသတင်းတွေကို ကျော်လိုက်။

ဆောင်းဖြူ
စက်တင်ဘာ ၃၊ ၂၀၁၅

မိုးမခတွင် ဖော်ပြထားသည့် ဆောင်းဖြူ၏ ကဗျာများ --

၁) ရန်ကုန်ဟာ မလုံခြုံတော့ဘူး
http://blog.moemaka.com/2015/08/blog-post_344.html
http://moemaka.com/archives/45567

၂) စိုးရိမ်ရေမှတ် ဗမာပြည်
http://moemaka.com/archives/44925
http://blog.moemaka.com/2015/08/blog-post_31.html

၃) နှလုံးသားထဲက အလင်းစက်များ
http://moemaka.com/archives/44883
http://blog.moemaka.com/2015/07/blog-post_188.html

၎) ရန်ကုန်
http://moemaka.com/archives/44805
http://blog.moemaka.com/2015/07/blog-post_303.html

၅) ၀န်ကြီးများရုံးတစ်နေရာ
http://moemaka.com/archives/44618
http://blog.moemaka.com/2015/07/blog-post_268.html

၆) တံခါးများ
http://moemaka.com/archives/44482
http://blog.moemaka.com/2015/07/blog-post_86.html

၇) မြေစာပင်ရဲ့တေး
http://moemaka.com/archives/44296
http://blog.moemaka.com/2015/06/blog-post_281.html

၈) အစ်ကို
http://moemaka.com/archives/44227
http://blog.moemaka.com/2015/06/blog-post_231.html

၉) မေတ္တာစာ
http://moemaka.com/archives/44201
http://blog.moemaka.com/2015/06/blog-post_734.html