ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ရန်လင်းအောင်၊ လင်းဝေရီ - သူခိုး



ရန်လင်းအောင်၊ လင်းဝေရီ - သူခိုး
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆


သူခိုး …
သူခိုး … သူခိုး …
တခါက အရပ်ထဲ လှည့်ခိုးတဲ့ သူခိုး
နောက်တော့ မြို့ တက်
နောက်တော့ နိုင်ငံ ပတ်
နောက်တော့ ကမ္ဘာလှည့်
လျှာတွေ ခိုးတယ်
ဦးနှောက်တွေ ခိုးတယ်
အစာအိမ်တွေ ခိုးတယ်
ခိုးမှန်းမသိ ခိုးတတ်လာတယ်
နောက်တော့…
သူ့ကိုယ်သူတောင် ပြန်ခိုး တယ် ။

သူခိုးဗျိုး …
သူခိုး … သူခိုး…
သံကုန်သံပြာ တစ်ခေတ်လုံးလုံးသာ
အော်ခဲ့ရ ဟစ်ခဲ့ကြ
မဲပြာပုဆိုးတော့ မခိုးသေးဘူး ။ ။

(ရန်လင်အောင် ၊ လင်းရီဝေ)