ရန်လင်းအောင်၊ လင်းဝေရီ - သူခိုး



ရန်လင်းအောင်၊ လင်းဝေရီ - သူခိုး
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆


သူခိုး …
သူခိုး … သူခိုး …
တခါက အရပ်ထဲ လှည့်ခိုးတဲ့ သူခိုး
နောက်တော့ မြို့ တက်
နောက်တော့ နိုင်ငံ ပတ်
နောက်တော့ ကမ္ဘာလှည့်
လျှာတွေ ခိုးတယ်
ဦးနှောက်တွေ ခိုးတယ်
အစာအိမ်တွေ ခိုးတယ်
ခိုးမှန်းမသိ ခိုးတတ်လာတယ်
နောက်တော့…
သူ့ကိုယ်သူတောင် ပြန်ခိုး တယ် ။

သူခိုးဗျိုး …
သူခိုး … သူခိုး…
သံကုန်သံပြာ တစ်ခေတ်လုံးလုံးသာ
အော်ခဲ့ရ ဟစ်ခဲ့ကြ
မဲပြာပုဆိုးတော့ မခိုးသေးဘူး ။ ။

(ရန်လင်အောင် ၊ လင်းရီဝေ)