ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက်စီးပွားရေး


အီကြာအော် ● ဖွတ်ကလေး၊ ဒေါ်နွယ်ထွန်းနှင့် ခက်သေးဈေးကွက် စီးပွားရေး
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၆

ခက်သေးတရွာလုံး "ကျပ်" ဈေးကျသဖြင့် ဗျောင်းဆန်နေပေတော့သည်။ ကျပ်ငွေကား ကျပြီးရင်းကျနေသဖြင့် ခက်သေးရွာ ၏ တက်ပြီးမကျ ပေါ်လစီအရ စားသောက်ကုန်ဈေးများ သာဝတိံသာသို့ တက်ကြလေသည်။

ခက်သေးရွာ၏ထုံးစံအရ ကုန်ဈေးနှုံးတက်ပြီဆိုလျှင် ဈေးမတက်မီ အကြော်များနှင့်တကွ လက်ဘက်ရည်ခွက်များလည်း ကျုံ့သွားလေ့ရှိသည်။ လက်တဝါးလောက်ရှိသော လမ်းထိပ်ကအကြော်ကလည်း ဘိုးတခက်၏တန်ခိုးတော်ဖြင့် တကိုက်စာ လောက်သာ ရှိတော့သည်။ စိတ်တိုင်းမကျ လက်ဘက်ရည်တခွက်ကလည်း ပါးစပ်တငုံစာသာရှိသဖြင့် အီကြာအော် တယောက် လျှာသပ်ရင်း အာသာမပြေ ဖြစ်ရပေသည်။ မကြာသေးမီကပင် ရွာလူကြီးတယောက်က လက်ဘက်ရည်တနေ့တခွက်လျှော့သောက်စီမံကိန်းကြီးကို ခက်သေးလွှတ်တော်ကြီးတွင် တင်ပြခဲ့သေးသည်။ လူတယောက်တငုံလျှော့သောက် ခိုင်းပြီးတာပဲဟု အီကြာအော် တွေးမိလေသည်။

"ဆရာအော့ ကြည့်ရတာ ဘာများ အစာမကြေ ဖြစ်နေတာလည်း"

တပည့်ကျော် ဖွတ်ကလေးက စိတ်တိုင်းမကျမျက်နှာဖြစ်နေသော အီကြာအော်ကို မေးခွန်းထုတ်လိုက်လေသည်။

"အစာမကျေတာ မဟုတ်ဘူးကွ အစာကြေလွန်းလို့ ကိုယ့်ဗိုက်ကို မကျေမနပ်ဖြစ်နေတာ၊ တို့ခက်သေးရွာက ကုန်ဈေးနှုံးက လည်း အတက်ချည်းပဲ"

သူ၏ ဗိုက်ရွှဲရွှဲကို လက်ဖြင့်ပွတ်ရင်း ပြောလိုက်သည်။

"ဟုတ်ပါ့ ဆရာအော်ရေ၊ နာမည်ကိုက ကုန် ဈေးနှုံးဆိုတော့ ကုန်ဖို့ပဲ ရှိတော့တာပေါ့၊ အခု ကျုပ်တောင်မှ လဝက်ပဲရှိသေးတယ် လစာက ပြောင်ပြီလေ"

"အေးကွ တို့ရွာမှာက နမိတ်တွေထွန်းတာကိုး၊ "ကျပ်ငွေ"သုံးတော့လည်း ကျပ်နေကြတာပေါ့"

ခက်သေးရွာကြီးကလည်း နာမည်နှင့်လိုက်အောင်ပင် ခက်လှသည် မဟုတ်ပါလား။ စီးပွားရေးကား လူအများအတွက် ကျပ် ကို ကျပ်လှသည်။ အမေပုတို့တက်လာလျှင် ချောင်မည်ဟု မျှော်လင့်ချက်အိပ်မက်များ မက်မိကြသည်။

"ကျုပ်တို့ ခက်သေးသားတွေ စီးပွားရေးချောင်လည်အောင် "ကျပ်" ကို "ချောင်" ဆိုပြီးလုပ်ရင် မကောင်းဘူးလား ဆရာ အော်"

"အေး မင်းအကြံမဆိုးဘူး၊ ဟာ.....မဖြစ်သေးဘူးကွ၊ တို့ခက်သေးရွာမှာက အခုတောင် ရွာလူကြီးတချို့ကအစ အချောင်ပဲ လိုက်နေကြတာ၊ တရွာလုံး အချောင်ပဲလိုက်နေရင် ခက်ရချည်းရဲ့"

"ဒါနဲ့ ဒေါ်လာဈေးတွေက ခေါင်ခိုက်တာ ဟိုအဒေါ်ကြီးကြောင့်လို့ ပြောနေကြတယ်"

"အေး.....၊ လုပ်စမ်းပါဦးကွ၊ ဘယ်ကအဒေါ်ကြီးလည်း ပြောစမ်းပါဦး"

"ဟို....ဒေါ်နွယ်ထွန်းဆိုတဲ့ အဒေါ်ကြီးလေ"

"ဟုတ်လားကွ၊ ဘယ်ရပ်ကွက်ကလည်း၊ ငါတော့ မကြားဘူးပါလား"

"အမေရိကန်ရွာက ဆိုလား၊ ဒီအဒေါ်ကြီးက်မယ်ဆိုလို့ ဒေါ်လာတွေတက်တယ် ပြောနေကြတာပဲ"

"မင်းကလည်းကွာ....၊ အဲဒါ ဘယ်က မင်းကြီးတော် အဒေါ်ကြီးရမှာလည်း၊ ယောက်ျားစစ်စစ်မှ....ရေတောင်မရောဘူး၊ သူ သာ ဒေါနဲ့ထရမ်းရင် မင်းတောင်မလွယ်ဘူး"

ဖွတ်ကလေးတယောက် ဒေါ်နွယ်ထွန်းကိုကြောက်ပြီး မျက်နှာငယ်လေးနှင့် ဖြစ်သွားသည်။

"အခု ကျုပ်လာတာ ဆရာအော်ကို စားပေါက်ကလေးတခုရှိလို့ လာပြောတာ"

စားပေါက်ဆိုသည်နှင့် အီကြာအော်တယောက် ဗိုက်စူစူထဲက တကျုတ်ကျုတ်မြည်နေတာ မေ့သွားသည်။ ခက်သေးရွာသား အများစုမှာကား အီကြာအော်ကဲ့သို့ပင် ဖွဘုတ်ပွတ်၊ တမုံးရှယ်ဆဲကြသည်မှလွဲ၍ အလုပ်မယ်မယ်ရရ မရှိကြ။

"တကယ်လားကွ၊ မင်းမှာ ခွင်လေး ဘာလေးတွေ့ရင် ဆရာသမားကို မေ့မထားနဲ့နော်"

"အဲဒါကြောင့် ဆရာသမားဆီလာတာပေါ့"

"ပြောစမ်းပါဦးကွ၊ ဘာခွင်များလည်း"

"ပါမစ်ဖရီး ကားသွင်းခွင့် လျောက်လို့ရပြီတဲ့"

"အဲဒါ ဘာဖြစ်လည်းကွ၊ တို့ခက်သေးသားတွေ တန်းစီတိုးစားလာတာ မဆလာခေတ်အစကနေ ဘပြောင်ခေတ်၊ အခု အမေ ပုခေတ်လည်း တန်းစီ တိုးစားပဲလား၊ ငါ့မှာ အဒေါ်လာလည်းမလာ အဲ....ဒေါ်လာကမရှိတော့ မဖြစ်ပါဘူးကွာ"

"ကိစ္စမရှိဘူး ဆရာအော်၊ အားလုံး ပွဲစားနဲ့ပဲ ကိစ္စပြီးတယ်၊ ဆရာအော်က မျက်နှာလေးပြပြီး လက်မှတ်လေး ထိုးရုံပဲ"

"ငါတို့ ခက်သေးရွာကြီးကလည်း ဒီအတိုင်းဆိုရင် ဈေးပျက်စီးပွားရေးနဲ့ တိုးတက်ဦးမှာပဲကွ၊ ရင်လေးပါသေးတယ်၊ အခုအမေ ပုတို့လက်ထက် ဈေးကွက်စီးပွားရေးက ဘပြောင်တို့ခေတ်တုန်းကလိုပဲ ဈေးတွေက ကွက်ပြီး စီးပွားဖြစ်နေကြတုန်းပဲ၊ တန်းစီ တိုးစားတဲ့ခေတ် ပြောင်းလဲစေချင်ပါပြီကွာ"

အီကြာအော်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

ထိုစဉ်အခါတွင် မီးဖိုချောင်မှ ဒေါ်အွန်မေးတယောက် ရောက်လာပြီး

"ကိုအော် ဈေးကွက်စီးပွားရေးတွေ၊ ဈေးပျက်စီးပွားရေးတွေ လုပ်မနေနဲ့၊ ဒေါ်လာတက်ပြီးရင် ဆန်တွေဆီတွေ ဈေးတက်တာ တော့ အသေအချာပဲ၊ ကိုခိုနီဆိုင်မှာ လူတွေတန်းစီနေတာ တွေ့လိုက်တယ်၊ ရှင်လည်း ကုန်ဈေးနှုံးတွေ မတက်ခင် ဆီလေး၊ ဆန်လေးသွားတန်းစီပြီး ဝယ်လိုက်ပါဦး"

ဤသို့ဆိုလျှင် အီကြာအော်လည်း ဈေးကွက်စီးပွားရေးနောက် အမှီလိုက်ကာ ကားပါမစ်ရေးအသာထား၍ ခိုနီ စူပါမတ်ကက် သို့ ဆီ၊ ဆန် ဈေးဝယ် ထွက်ရလေတော့သတည်း။    ။

သဗ္ဗေသတ္တာ ကမ္မသကာ

အီကြာအော်