ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မြဇင်ယော် ● ကိုယ့်​မှာတည်

မြဇင်ယော် ● ကိုယ့်​မှာတည်
(မိုးမခ) မေ ၂၈၊ ၂၀၁၇

စာအုပ်​ဆိုင်​​တွေ​ရောက်​လို့ တချို့ဆို​င်​​တွေက "ဘာစာအုပ်​လိုချင်​တာလဲ" ​မေးရင်​ စိတ်​ကသိက​အောက်​ ဖြစ်​မိတယ်​။ ကိုယ်​က ဘာစာအုပ်​ဝယ်​မယ်​လို့ ရည်​ရွယ်​ပြီးသွားတာ မဟုတ်​ဘူး​လေ။ ဆိုင်​ထဲ​ရောက်​မှ စိတ်​ဝင်​စားတဲ့စာအုပ်​​တွေ့ရင်​ အမြည်း ဖတ်​ကြည့်​၊ ကြိုက်​ရင်​ သုတစာအုပ်​ဖြစ်​ဖြစ်​ ရသစာအုပ်​ဖြစ်​ဖြစ်​ ယူလိုက်​တာပဲ။ ကိုယ်​သ​ဘောကျတဲ့ စာ​ရေးဆရာ​တွေရဲ့ စာအုပ်​​တွေ​တွေ့ရင်​ အမြည်းဖတ်​မ​နေ​တော့ဘဲ မဖတ်​ဖူး​သေးတာ အကုန်​ယူလိုက်​တာပဲ။ အဲ့ဒီလိုဆို​တော့ ​စော​စောက​မေး ခွန်းအတွက်​ အ​ဖြေက မရှိဘူး။ ပြန်​မ​ပြောလို့ကလည်း မဖြစ်​​တော့ "မသိ​သေးဘူး၊ ကြည့်​ပြီးမှသိမှာပဲ" လို့ အရိုးခံအတို​င်း​ဖြေလိုက်​ရင်​ သူတို့လည်း ​ကျေနပ်​ပုံမရဘူး။

စိတ်​အ​နှောင့်​အယှက်​အဖြစ်​ဆုံးက​တော့  ကိုယ်​စာအုပ်​​ရွေး​နေစဉ်​မှာ ​နောက်​က တ​ကောက်​​ကောက်​လိုက်​ကြည့်​​နေခြင်းပါ။ ကိုယ်​က စာဖတ်​ရတာ စာအုပ်​​ရွေးရတာ မလွတ်​လပ်​​တော့ဘူး။ ​စောင့်​ကြည့်​တာကို ခံ​နေရတယ်​။ ကိုယ့်​နယ်​မြို့မှာ စာအုပ်​အ​ရောင်းဆိုင်​ဆိုလို့  ​ကျောင်းသုံးစာအုပ်​ အ​ရောင်းဆိုင်​ပဲရှိတာ။ ဖတ်​စရာ သုတ ရသ စာအုပ်​​တွေလိုချင်​ရင်​ အနည်းဆုံး ပျဉ်း မနားမြို့ကို သွားဝယ်​မှရတယ်​။

အဲ့​တော့ ရန်​ကုန်​ဖြစ်​ဖြစ်​ မန္တ​လေးဖြစ်​ဖြစ်​ မြို့ကြီး​တွေ​ရောက်​ခဲ့ရင်​ ဘယ်​မှမသွားရရင်​​နေ၊ စာအုပ်​ဆိုင်​မှာ အချိန်​အများဆုံး​ပေးဖြစ်​တယ်​။ ​ရောက်​တုန်း​ရောက်​ခိုက်​​လေး ဝယ်​ရတာ။ ​အေး​အေး​ဆေး​ဆေး ​ရွေးချင်​မိတယ်​။ တကယ်​​တော့ ဒီလိုစာအုပ်​ဆိုင်​အကြီးကြီး​တွေရှိတဲ့အရပ်​ရောက်​ဖို့ဆိုတာ တနှစ်​​နေလို့​တောင်​ တခါ မဖြစ်​နိုင်​ဘူး​လေ။

စာအုပ်​ဆိုင်​​တွေ​ရောက်​တိုင်း လွတ်​လွတ်​လပ်​လပ်​ ​ရွေးခွင့်​ရရင်​ သိပ်​​ကောင်းမှာပဲလို့ ​တောင့်​တမိတတ်​တယ်​။ သိပ်​မကြာ​သေးခင်​ကပဲ  ဒီလို ​စောင့်​ကြည့်​တာကို လက်​ခံနိုင်​လာတာ။ ဆရာကြီးမြသန်းတင့်​​ရေးတဲ့ '​ခေတ်​ပြိုင်​ရုပ်​ပုံလွှာများ' စာအုပ်​ထဲ မှာ စာအုပ်​ဆိုင်​ပိုင်​ရှင်​တယောက်​အ​ကြောင်းဖတ်​ရ​တော့မှ စာအုပ်​အလစ်​သုတ်​တဲ့လူ​တွေရှိတယ်​ဆိုတာ သိရတာ။ ​သြော်​... သူတို့မှာလည်း သူတို့အခက်​အခဲ​တွေနဲ့ သူတို့ပါလားဆိုပြီး လက်​ခံနိုင်​သွားတာ။

ဒါ​ပေမယ့်​  အပြည့်​အဝ​တော့ ဘဝင်​မကျနိုင်​​သေးဘူး။ ကိုယ်​ဆိုတာ ​ဈေးဝယ်​လို့ ပိုက်​ဆံမှားပြီး  အပိုပြန်​အမ်းလိုက်​ရင်​​တောင်​ သိသိချင်း ချက်​ချင်းပြန်​​ပေးတတ်​တာ။ ​ကျောင်းတက်​​နေတုန်းကဆို ပိုက်​ဆံ ၅၀၀ ပိုအမ်းလိုက်​တာကို အ​ဆောင်​​ရောက်​မှသိလို့ ​နေပူကြီးထဲ မိနစ်​ ၂၀ ​လောက်​ လမ်း​လျှောက်​ပြီး သွားပြန်​​ပေးခဲ့တာ။ ကိုယ်​က တမင်​ဝါယမစိုက်​ပြီး ယူဖို့ဆိုတာ ​ဝေ လာ​ဝေး။ ကိုယ့်​လိုလူကို ​စောင့်​ကြည့်​ခံ​နေရတာကိုပဲ လုံးလုံးလျားလျား မ​ကျေနပ်​နိုင်​​သေးဘူး။ နားလည်​မ​ပေးနိုင်​​သေးဘူး။

ဒီလို မ​ကျေမနပ်​ဖြစ်​တတ်​တဲ့စိတ်​​တွေက အ​မေနဲ့အတူ ဆံပင်​အကျွတ်​​တွေ သွား​ရောင်းဖူးပြီးမှ လုံးဝ​ပျောက်​သွား​တော့တာ။

အ​မေ့ဆံပင်​က အရှည်​ကြီးပါ။ တံ​ကောက်​​ကွေး​အောက်​ ​ရောက်​တယ်​။ ထူလည်း အထူကြီးပဲ။ အပျိုဘဝမှာ​ရော အိမ်​​ထောင်​သည်​ဘဝမှာ​ရော တ​ရော်​ကင်​ပွန်းနဲ့ပဲ ​ခေါင်း​လျှော်​ခဲ့တဲ့သူ။  တ​ရော်​ပင်​အ​ခေါက်​ကိုခွာ၊ တုတ်​နဲ့ နာနာထု၊ တဖက်​မှာ ကင်​ပွန်း သီးပြုတ်​၊ တခါတ​လေလည်း မီးဖုတ်​ပြီးသုံးတယ်​။ ​စော​စောကထုထားတဲ့ တ​ရော်​နဲ့ နာနာနယ်​ပြီး တ​ရော်​ကင်​ပွန်း​ခေါင်း​လျှော်​ရည်​ လုပ်​ယူတာပဲ။ ရွာမှာဆို​တော့ ကိုယ်​တိုင်​မလုပ်​နိုင်​လည်း သူများဆီက တခါ​လျှော်​​လောက်​ သွား​တောင်းလို့ရ တယ်။ ဘယ်​သူမှ မတွန့်​တိုဘူး။

အခုအချိန်​မှာ တ​ရော်​ကင်​ပွန်း တအားရှားသွားတယ်​။ တ​ရော်​ကင်​ပွန်းနဲ့ ​ခေါင်း​လျှော်​​နေကျ အ​မေလည်း မြို့က တခါ​လျှော်​ ​ခေါင်း​လျှော်​ရည်​ထုပ်​​တွေနဲ့ပဲ  နှစ်​ပါးသွားရ​တော့တာ။ အဲဒီမှာ အ​မေ့ဆံပင်​​တွေက နှ​မြောစရာကောင်း​လောက်​​အောင်​ကို အ​ထွေးလိုက်​ အ​ထွေးလိုက်​ ကျွတ်​ကျ​တော့တာပဲ။ အစမှာ ဆံပင်​အကျွတ်​​တွေကို လွှင့်​ပစ်​တာ။ အမှိုက်​ရှုပ်​​ရော။ ဆံပင်​ဆို တာကလည်း ​ခေါင်း​ပေါ်မှာသာ အမြတ်​တနိုး။ ကျွတ်​ကျသွားပြီဆိုရင်​ သာမန်​အမှိုက်​ထက်​ကို အရုပ်​ဆိုးတယ်​။ တချို့များဆို ထမင်း ဟင်း ပန်းကန်​​တွေထဲမှာ​တွေ့ရင်​  ပျို့အန်​ကြတဲ့အထိပဲ။

နောက်​ပို​င်းကျ​တော့ ဆံပင်​အကျွတ်​​တွေကို ပန်းကန်​တို့ ဓာတ်​ဗူးတို့ ဇွန်းတို့လို့ မီးဖို​ချောင်​သုံးပစ္စည်း​တွေနဲ့ လဲ​ပေးသူ​တွေ ရွာကို​ရောက်​လာကြတယ်​။ အ​မေက သူ့ဆံပင်​အကျွတ်​​တွေကို ထမင်းစား ​ကြွေပန်းကန်​​တွေနဲ့ လဲထားတယ်​။ မပြည့်​စုံသူ​တွေ အိမ်​​ထောင်​ခွဲခါစ လင်​မယား​တွေကို ​ပေး​လေ့ရှိတယ်​။

အခု အ​မေက အမြင်​ပိုကျယ်​လာတယ်​။ သူ့ဆံပင်​​တွေကို ရွာမှာတင်​ ပစ္စည်း​တွေနဲ့ မလဲ​တော့ဘူး။ မြို့​ရောက်​မှ ဆိုင်​ကိုသွားပြီး အချိန်​နဲ့​ရောင်းတယ်​။ စိတ်​ကြိုက်​ပစ္စည်းရှာဝယ်​တယ်​။ တခါကျွတ်​စာ ဆံပင်​​လေး​တွေကို သူ့​အထွေးနှင့်​သူ အ​ထွေးလိုက်​က​လေး​တွေ စုထားတယ်​။ ကျွန်​မလည်း ဘယ်​ဆိုင်​က ဝယ်​တာလဲ သိချင်​တာနဲ့ အ​မေ့​နောက်​လိုက်​သွားတာ။ ဆိုင်​ရှင်​က အ​မေ့ဆံပင်​ထုပ်​ကြီးလည်းမြင်​​ရော အံ့သြသွားတယ်​။ ယူဖြည်​ပြီး တ​ထွေးချင်းစီကို ​သေ​သေချာချာကိုင်​ကြည့်​ပြီး ​စေ့​စေ့စပ်​စပ်​ စစ်​တယ်​။ သူစိတ်​တိုင်းကျ စစ်​ပြီးပြီဆိုမှ ချိန်​ခွင်​​ပေါ်တင်​တာ။

ဒါကို ​ဘေးကကြည့်​ပြီး မ​ကျေမနပ်​ဖြစ်​​နေတာက ကျွန်​မ။ ဒီ​လောက်​ကြီးစစ်​​နေတာ ဆံပင်​အ​ထွေး​တွေထဲကို ဘာ​တွေ ထည့်​ထားမှာကျ​နေတာပဲ။ လူကိုပဲ မယုံသင်္ကာနဲ့။ စိတ်​သ​ဘောအတိုင်းဆိုရင်​ မ​ရောင်း​တော့ဘူးဆိုပြီး ပြန်​ယူလိုက်​ချင်​တာ။ အ​မေ့ကို လှမ်းကြည့်​လိုက်​​တော့ အ​မေက ​အေး​အေး​ဆေးေ​ဆးပဲ။ အထူးအဆန်းလည်း ဖြစ်​ပုံမရဘူး။ မ​ကျေမနပ်​လည်း ဖြစ်​ပုံမရဘူး။ ကိုယ်​ကသာ သံသယအဖြစ်​ခံရတယ်​ဆိုပြီး ​ဒေါပွ​နေမိတာ။

အပြန်​ကျ​တော့ အိမ်​​ရောက်​​အောင်​ မ​အောင့်​နိုင်​​တော့။ လမ်းမှာတင်​ အ​မေ့ကို "အဲ့ဒီဆိုင်​ရှင်​ကလည်း လူ​ကိုများ ဘာမှတ်​​နေလဲ မသိဘူး၊ ဆံပင်​ထဲ ဘာ​တွေထည့်​ထားမှာကျ​နေတာပဲ၊ စစ်​​နေလိုက်​တာများ" လို့ ​ဒေါနဲ့​မောနဲ့ ​ပြောမိတယ်​။ အ​မေက​တော့ ​ခပ်​အေး​အေးပဲ "အဲ့ဒါ သူတို့ လုပ်​ရမယ့်​အလုပ်​ပဲ​လေ၊ သူတို့အ​နေနဲ့လည်း ဘယ်​လိုမျိုး​တွေ ကြုံဖူးထားမှန်းမှ မသိတာ။ စစ်​ပြီးယူမှ စိတ်​ချရမှာ​ပေါ့၊ ကိုယ့်​ပစ္စည်းက မှန်​ကန်​ဖို့ပဲလိုတာ။ သူတို့ဘာသာ သူတို့ ဘယ်​လိုစစ်​စစ်​၊ သူ့အလုပ်​ သူလုပ်​တာ" တဲ့​လေ။ တကယ်​​တော့ ကိုယ်​ဟာ သ​ဘောထား ​သေးသိမ်​သူဖြစ်​​နေတယ်​ဆိုတာ သိလိုက်​ရတယ်​။

အခုဆိုရင်​ စာအုပ်​ဆိုင်​​တွေ​ရောက်​လို့ ကိုယ်​​ရွေး​နေတာ ​နောက်​ကလိုက်​ကြည့်​​နေလည်း စိတ်​မခု​တော့။  အပြည့်​အဝ နား လည်​သွားပြီ။ သူတို့အလုပ်​ သူတို့လုပ်​​နေတာလို့ ​တွေးတတ်​သွားပြီ။ ကိုယ့်​ဖက်​က မှန်​ဖို့အ​ရေးကြီးတယ်​။ စာအုပ်​ဆိုင်​မှ မ ဟုတ်​ဘူး၊ ဘယ်​​နေရာ​ရောက်​​ရောက်​ ဘယ်​လို​စောင့်​ကြည့်​မှုမျိုးဖြစ်​ဖြစ်​ ဘယ်​​လောက်​စစ်​​ဆေးစစ်​​ဆေး ခံနိုင်​သွားပြီ။ စိတ်​တိုစရာ မကျေနပ်​စရာ ဘာမှမရှိဘူး။ ကိုယ့်​လိပ်​ပြာမှန်​ဖို့က အဓိကပဲ​လေ။ ။

မြဇင်​​ယော်