ရှာဖွေရေး ...
editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။
ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ (၄)
ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ (၄)
Data Sufficiency Question (4)
(မိုးမခ) မေ ၈၊ ၂၀၁၇
နမူနာ​မေးခွန်းနှင့်​ အ​ဖြေ 
J. K . L. M ဟူ ​သော ထွက်​​ပေါက်​​လေးခုသည်​ ဤအစီအစဉ်​အတိုင်း ရှိ​နေ ကြ သည်​။ ထွက်​​ပေါက်​ K မှ  L သို့ အကွာအ​ဝေးသည်​ အဘယ်​နည်း။
အဆို ၁ ။ J မှ L သို့ အကွာအ​ဝေးသည်​ ၂၁ ကီလိုမီတာ ​ဝေးသည်​။
အဆို ၂ ။ K မှ M သို့ အကွာအ​ဝေးသည်​ ၂၆ ကီလိုမီတာ ​ဝေးသည်​။
စဉ်းစားနည်းနှင့် အ​ဖြေ
ကနဦး​တွေ့ ရှိ ချက်​ များ -
J <...... (y) ........> K <...... (x) .........> L <....... (z) .......> M 
J K L M တို့သည်​ ဤ အစီအစဉ်​အတိုင်း ရှိနေကြသည်​။ K မှ L အကွာအ​ဝေးသည် ​အဘယ်​နည်း။
K မှ L အကွာအ​ဝေး = x
J မှ K အကွာအ​ဝေး = y
L မှ M အကွာအ​ဝေး = z ထား ပါ ။
မေးခွန်း မှာ x ကို ရှာ ရန်​ ဖြစ်​ သည်​။
အဆို ၁ ကို စ ၍ စဉ်းစား မည်​။
အဆို ၁ အရ y + x = 21 ဖြစ်​သည်​။
ထိုညီမျှခြင်း တ​ခုထဲ ဖြင့် ​x ကိုရှာ၍ မရပါ။ 
အဆို ၂ ကို စဉ်းစားမည်​။ အဆို ၁ ကို ​မေ့ထားပါ။
အဆို ၂ အရ x + z = 26
ထိုညီမျှခြင်း တခုထဲနဲ့လည်း x ကို ရှာမရပါ။
အဆို ၁ နှင့် ​၂ ကို​ပေါင်း၍ စဉ်းစား​သော်
x +z = 26
ဟူ​သော ညီမျှခြင်း နှစ်​ခု ကိုရသည်​။ မသိကိန်း သုံးလုံး ဖြစ်​​နေ၍ x ကို ရှာမရပါ။
ထို​ကြောင့် ​အဆို ၁ နှင့် ​အဆို ၂ နှစ်​ခု ​ပေါင်းလျှင်​ပင်​လျှင်​ အ​ဖြေကို မရနိုင်​ပါ။
ထို ​ကြောင့်​ အ​ဖြေသည်​ E ဖြစ်​သည်​။
(E ။ အဆို ၁ နှင့်​ အဆို ၂ နှစ်​ခု ​ပေါင်းလျှင်​ပင်​လျှင်​ အ​ဖြေကို ​ပေးနိုင်​ရန်​ မလုံ​လောက်​ပါ။)