ချစ်တိုးနွယ်- မြို့ရဲ့လမ်း

မြို့ရဲ့လမ်း
ချစ်တိုးနွယ်
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၇ 
 
မုဆိုးကများပြီး
သား​ကောင်​က နည်းလွန်းလှ
ကိုယ့်​လူလည်း အရိုးတခြားအသားတခြား
မျှော်​စင်​​ပေါ်က ပြုတ်​ကျခဲ့တာပဲ မဟုတ်​လား။

အထပ်​မြင့်​မြင့်
အဆင့်​နိမ့်​နိမ့်​ ဝပ်​ကျင်းက
ငါ့မှာလည်းအ​ရေး​ပေါ်ထွက်​​ပေါက်​နဲ့
ဆိုက်​​ရောက်​လာမယ့်​အ​နွေးဓာတ်​ကလည်း
ကွေ့​ကောက်​ရှည်​လျှား ​လှေကားထစ်​​တွေက
ဝပ်​အားကိုတထစ်​ချင်းစုပ်​ယူလို့
အန္တရာယ်​ကြုံတဲ့ ယုန်​တစ်​​ကောင်​လို
တုန်​ယင်​​နေတဲ့ သန်း​ခေါင်​​ကျော်​ရင်
အစာအိမ်​က
လမ်း​ပေါ်နှင်​ချလိုက်​တာပဲ မဟုတ်​လား။

မြို့လမ်းကို​တောမကျွမ်း​တော့
ပတ်​စီးပြီးခရီးရှည်​ခဲ့ရ
ဘာသာစကားတူ​ပေမယ့်
လေသံမတူတဲ့ အကွာအ​ဝေး
သွေးထားတဲ့အနာဂတ်​ကို ​နောက်​ပြန်​စမ်း
လမ်း​လျောက်​ရင်းသီချင်းဆိုရတာပဲ မဟုတ်​လား။

တာရိုးကကျွဲဆိုပြီး
ကိုယ့်​ဆွဲဖဲကိုယ်​ဆဲမိတဲ့အခါ
ကိုယ့်​ဒဏ်​ရာကိုယ်​ပြန်​စဉ်းစား
ဆံပင်​​တွေ ​လေထဲလွင့်​လို့
နယ်​မြို့​လေးရဲ့ ​မျှော်​စင်​ထိပ်​ဖျားမှာ
ရင်​ခုန်​သံက
ရန်​ကုန်​လို့မြည်​ခဲ့တာပဲ မဟုတ်​လား။

0