မြဇင်ယော် - မိုးသည်းထဲမှာ



မိုးသည်းထဲမှာ
မြဇင်ယော်
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၇

ည ၈ နာရီမှ ဆင်းရမယ့်​အတန်းကို ၅ မိနစ်​​စောဆင်းလိုက်​တယ်​။ ​ အတန်း​စော​စောဆင်းရတယ်​ဆိုတာ ဆရာလည်း​ပျော်​၊ ​ ကျောင်းသားလည်း​ပျော်​။ ဒါ​ပေမဲ့​ ဒီ​နေ့က​တော့ ဆရာမ​ပျော်​ဘူး။ မိုး​တွေက သည်းကြီး မည်းကြီးရွာ​နေတယ်​​လေ။ က​လေး​တွေက အ​ဆောင်​ကဆို​တော့ ပြန်​စရာမလိုဘူး၊ ​အေး​အေး​ဆေး​ဆေး။ ကိုယ်​က​တော့ ဆိုင်​ကယ်​နဲ့ပြန်​ရမှာကို ထီးလည်းမပါ၊ မိုးကာအင်္ကျီလည်းမပါ။ မိုးက ထီး​လေး၊ မိုးကာ​အင်္ကျီ လေး​တောင်​ မ​ဆောင်​နိုင်​​လောက်​​အောင်​ အပျင်းကြီးတဲ့ကိုယ့်​ကို မှတ်​​လောက်​သား​လောက်​ ရွာချ​နေသလား အောက်​​မေ့ရတယ်​။ တ​ဝေါ​ဝေါနဲ့​လေ။

မိုး​ရေထဲ ထွက်​ဖို့အ​ရေး မစဉ်းစားတတ်​​အောင်​ပဲ။ အ​ဆောင်​မှာ​နေတဲ့ က​လေးမ​လေးတယောက်​က သူ့ထီး​ လေး လာငှားရှာတယ်​။ မယူ​ တော့ဘူးသမီး၊ အစိုပဲ ခံလိုက်​​တော့မယ်​ဆို​တော့ သူက ဇွတ်​​ပေးရှာတယ်​။

အဲ့ဒါ တို့က​လေး​တွေရဲ့ ​လေးစားစရာ​ကောင်းတဲ့ စိတ်​ထား​လေးပဲ။ သူတို့ကို ဘယ်​လို​ဆူဆူ၊ ဘယ်​လို​ငေါက် ငေါက်၊ ဘယ်​လိုအပြစ်​​ပေး​ပေး(တခါတ​လေ ထိုင်​ထလုပ်​ခိုင်းတယ်​၊ တခါတ​လေ သီချင်း​အော်​ဆိုခိုင်းတယ်​။ တအားစိတ်​ဆိုးလာရင်​ ဝါးခြမ်းပြားနဲ့ ​ဆော်​ပ​လော်​တီးလိုက်​တယ်​။)

သူ့​စေတနာကို ​လေးစား​သောအားဖြင့်​ မငြင်း​တော့ပဲ ယူလိုက်​တယ်​။ ယူပြီး​တော့မှ သြော်​ သူ့မှာ တဆောင်​နဲ့တဆောင်​ကူးချင်​ရင်​ ထီးမရှိ ဘယ်​လိုလုပ်​မလဲ ​တွေးမိ​တယ်​။ ဒါ​ပေမဲ့ လူ့အတ္တ စိတ်​​ကြောင့်​ ကိုယ့်​ကိစ္စပဲ ဦးစား​ပေးပြီး ယူလိုက်​မိတာကို တယ်​​နောင်​တ မရချင်​ဘူး။

ပြီးမှ ရွာမှာ နွား​ခွေ့ခံရလို့ ​သေသွားတဲ့ ဦး​လေးကြီးတစ်​​ယောက်​ကို သတိရတယ်​။ နွား​ဝှေ့တော့ ​ရှောင်​ရင်းဖယ်​ရင်း ရုန်းရင်းဆန်​ခတ်​ဖြစ်​ရင်း ​နွားချည်​ ကြိုးနဲ့ငြိပြီး မ​ပြေးနိုင်​​တော့လို့ အသေခံသွားရတာ​လေ။ ဘာလို့သတိရတာလဲဆိုရင်​ အဲ့ဒီဦး​လေးကြီးကို နွားစ​ဝှေ့တဲ့အချိန်​မှာ (ကြိုးမငြိ​သေးခင်​ကတည်းက​ပေါ့) ဘေးအိမ်​က အစ်​မကြီးတစ်​​ယောက်​က လှမ်းမြင်​သတဲ့။ ကြိုးငြိသွားတာလည်း သူ မြင်​​နေရတာပဲ။ သူသာ​ စော​စောသွားပြီး နွားကြိုးကို ဖြတ်​ပစ်​လိုက်​တာဖြစ်​ဖြစ်​၊ ​ မိန်းမသားမို့ မဝင်​ရဲရင်​လည်း ဘေးဘီကို ​ အော်ဟစ်​ အကူအညီ​တောင်းတာပဲဖြစ်​ဖြစ်​လုပ်​​ပေးခဲ့မယ်​ဆိုရင်​ အဲ့ဒီဦး​လေးကြီး မ​သေ​လောက်​ဘူး။

သူ ဘာလို့မလုပ်​​ပေး​တာလဲ၊ သူတို့ချင်းမတည့်​လို့လား၊ ရန်​သူလား၊ စီးပွားပြိုင်​ဘက်​​တွေမလို့လားဆို​တော့ မဟုတ်​ဘူး။ သူ့ခမျာ လက်​က​လေး မအားလို့တဲ့။ ထမင်းအိုးငှဲ့ရင်းတန်းလန်းမို့ သွားမကူညီခဲ့တာတဲ့။ ကိုယ့်​ထမင်းအိုး​လေး တလုံးပစ်​ရမှာ ​ကြောက်​တာနဲ့ သူ့အသက်​ကို မကယ်​တင်​ခဲ့တာ။

ဒီလို​သေသွားမယ်​လို့ မထင်​လို့လည်း ပါမှာ​ပေါ့။ ရွာမှာ​တော့ အဲ့ဒီအမျိုးသမီးကို အပြစ်​​ပြောကြ၊ ဦး​လေးကြီး ကို သနားကြနဲ့၊ ​နောက်​ဆုံး​တော့လည်း ထုံးစံအတိုင်း သူ့သေ​နေ့​စေ့လို့​ပေါ့ဆိုပြီး ကိစ္စကို​ဖော့ပစ်​လိုက်​ကြ တာပဲ။ က​လေးသာသာ ကိုယ်​က​တော့ ဦး​လေးကြီး​နေရာ​ နေကြည့်​လိုက်​၊ အစ်​မကြီး​နေရာ ​နေကြည့်​လိုက်​နဲ့ ၊ ​တော်​​တော်​ကြာ​အောင်​ ဒီကိစ္စကို မ​မေ့နိုင်​ဘူး။ အခုထိပဲ​လေ။

အဲ့အဖြစ်​က​နေ သူများကိစ္စ ဘယ်​လိုဖြစ်​​နေ​နေ ကိုယ့်​ကိစ္စကသာ အ​ရေးအကြီးဆုံးလို့ သ​ဘောထားတတ်​ကြတာ သိလာတယ်​။ ကိုယ်​သာဆို​ရင်​​ရော အဲ့လိုပဲ လုပ်​မိသွားမလားဆိုပြီး ​တွေးပြီးထိတ်​လန့့်​မိတယ်​။ မ​ပြောနိုင်​ဘူး​လေ အဲ့ထက်​​တောင်​ ဆိုးဆိုးဝါးဝါး လုပ်​မိမလားဆိုတာ။ အခုဆိုရင်​ပဲ မိုးစိုသွားလည်း ဘာ အကျိုးစီးပွားမှ မထိခိုက်​နိုင်​တဲ့ အ​သေးအဖွဲက​လေးမှာ​တောင်​ ကိုယ့်​ကိစ္စကိုပဲ ဦးစား​ပေးလာခဲ့တာ မလား။
ပြည်​သူ့ဆေးရုံ​တွေမှာ ခဏခဏ ပြဿနာတက်​ကြတာ​ ​တွေ့ရတာလည်း ဒီ အတ္တစိတ်​​ကြောင့်​ပဲ​နေမှာ။ ဆရာဝန်​ ဆရာမ​တွေက ဝန်​နဲ့အားမမျှတတဲ့အလုပ်​ခွင်​မှာ များပြားလှတဲ့လူနာ​တွေထဲက အသက်​အန္တရာယ်​နဲ့ နီးကပ်​တဲ့လူကို အရင်​ လုပ်​​ပေးလိုက်​ကြ​ရော။ အဲ့မှာ ဒီ့​ပြင်​လူ​တွေ က ငါတို့​ကိုတော့ဂရုမစိုက်​ဘူး၊ ဒီမှာ ဘယ်​လိုခံစား​နေရတာ ၊ ကိုယ်​ချင်းမစာဘူး၊ ဘာဘူး ညာဘူးဆိုပြီး ပူညံပူညံ​တွေ ဖြစ်​ကုန်​ကြ​ရော။

အပြင်​အထူးကု​ဆေးခန်းကြီး​တွေမှာ​တော့ စာအုပ်​​တွေထပ်​ထားရပြီး အရင်​​ရောက်​သူကို အရင်​​ခေါ်ကြည့်​ ပေးတယ်​။ အ​ရေး​ပေါ်လာလည်း ဆရာဝန်​​တွေ၊ ဆရာမ​တွေ အသင့်​ရှိတယ်​။ တကယ်​လို့ မရှိခဲ့ရင်​ သူ လည်း ​ရောဂါအ​ခြေအ​နေအရ အ​ရေး​ပေါ်လူနာကိုပဲ ဦးစား​ပေးကြတာပါ။ မန္တ​လေး​ဆေးရုံက ultrasound ( တီဗီဓာတ်​မှန်​)ရိုက်​​ပေးတဲ့ ဆရာမကြီးက​တော့ ပြတ်​တယ်​။ သူ့ဆီတင်​ထားတဲ့ စာအုပ်​​တွေကြည့်​ပြီး ဒါက ဘာ​ရောဂါ၊ ဒါက အသက်​အန္တရယ်​နဲ့ ပိုနီးတယ်​၊ ဒီလူဦးစား​ပေးဆိုပြီး လူနာ​တွေ​ရှေ့တင်​ ဦးစား​ပေးစဉ်​လိုက်​တာ။ အသံဗလံ နည်းသွားတယ်​။ ဒါ​တောင်​ တို့က အရင်​​ရောက်​တာ၊ ဘာညာဆိုပြီး အသံ​တော့ထွက်​ကြ​သေးတာပဲ။ ကိုယ့်​ကိုပဲ ဦးစား​ပေး​စေချင်​ကြတာကိုး။

တသီကြီး​တွေးရင်း​တောရင်း အခု ကိုယ့်​ကိစ္စဦးစား​ပေးပြီး ထီးယူလာခဲ့​တဲ့ ကိုယ်​လည်း မိုး​ရေထဲ ထွက်​လို့ ရသွားပြီ။ လမ်း​ပေါ်​ရောက်​လာ​ တော့ ခါတိုင်း ဥဒဟိုသွားလာနေတဲ့လမ်း​ပေါ် လူသူ​လေးပါး ကင်းရှင်း​နေ တာ ​တွေ့ရ​​ရော။ ​ဝေးမှတခါ ကားမီး​ရော​င်​​လေး၊ ဆိုင်​ကယ်​မီး​ ရောင်​​လေး ​တွေ့ရတာ။ အဲ့ဒါမသွားမဖြစ်​သွားရသူ​တွေ ​နေမှာပဲ၊ ဒီ​လောက်​ မိုးသည်း​နေတာဆို​တော့ မသွား​သေးဘဲ ​ရွှေ့ဆိုင်းလို့ရတဲ့လူ​တွေက ကိုယ့်​ အိမ်​ထဲမှာကိုယ်​ နှပ်​​နေကြမှာပဲလို့ ​တွေးမိ​တော့ ကိုယ်​က ပထမအမျိုးအစားထဲမှာ ပါ​နေ​ရော။ စိတ်​အားငယ်​သလိုလို ဘာလိုလို ဖြစ်​လာ​သေးတယ်​။

အ​ကြောက်​ဆုံးက​တော့ မိုးသည်း​နေတုန်း လမ်းမီး​လေး​တွေ မှိတ်​ကုန်မှာပဲ။ သူတို့မရှိ​တော့ရင်​ ​မှောင်​မည်း မည်းလမ်း​ပေါ်မှာ ဘာကိုမှ မသဲကွဲ​ တော့ဘူး။ ​ခေါင်းမှာ မီးသီးတစ်​ပွင့်​ပန်​ထားတဲ့ သုံးဘီးဆိုင်​ကယ်​ကို လည်း နှစ်​ဘီးဆိုင်​ကယ်​ထင်​ပြီး ကပ်​​ရှောင်​လိုက်​မိတတ်​တယ်​။ ပွတ်​ကာ သီကာ​လေး လွဲလွဲသွားတာ ခဏ ခဏဖြစ်​ဖူးတယ်​။ (မ​တော်​တဆများ ကိစ္စ​ချောသွားခဲ့ရင်​  ဘယ်​သူဘယ်​ဝါမှန်းသိ​အောင်​လို့ မှတ်​ပုံတင်​​လေး အမြဲ​ဆောင်​ထားရတယ်​။) ကားက​တော့ မီးသီးနှဟ်​ပွင့်​ပါတာဆို​တော့ ကားမှန်းတန်းသိတယ်​။ အဲ အဲ့ဒီသုံး ဘီးဆိုင်​ကယ်​ကျ​တော့ နှစ်​ဘီးဆိုင်​ကယ်​လို့ပဲ မြင်​မြင်​​နေတတ်​တာ​ကြောင့်​ လန့်​တာ။

နောက်​တ​ခု လန့်​တာက ​ရှေ့မီး​နောက်​မီး ဘာမီးမှ မပါတဲ့ဆိုင်​ကယ်​၊ စက်​ဘီး​နဲ့ မြင်းလှည်းတွေကို တွေ့မှာ ကိုပဲ။ ​မှောင်​နဲ့မဲမဲ ဆိုင်​ကယ်​က အနက်​ဆို​တော့ နီးမှ ဘွားခနဲ ​တွေ့တာများတယ်​။ စက်​ဘီးတို့ မြင်းလှည်း တို့ဆိုလည်း အဲ့လိုပဲ။ စီးတဲ့လူက အ​ရောင်​​တောက်​​တောက်​​လေးဝတ်​ထားရင်​ ​တော်​​သေးတယ်​။ မဟုတ်​လို့က​တော့ ဘရိတ်​ကို ကျွီခနဲ ကျွီခနဲပဲ။ တကယ်​​တော့ သူ (ဘရိတ်​) ရှိ​နေလို့သာ၊ သူမရှိလို့က​တော့ မီးခိုးဖြစ်​​နေ​လောက်​ပြီ။ အဲ ဇာတိရွာမှာ ပြန်​မြှပ်​ကြရင်​​တော့ ​မြေကြီး​ပေါ့​လေ။

တော်​​သေးတာ။ အဲ့ မီးသီး​တွေကို ဆက်​လင်းခွင့်​​ပေးထားတဲ့ EPC ​ကျေးဇူး​ပေါ့။ လမ်း မီးလင်းပြီး လူသွား လူလာ ပြတ်​တာပဲရှိတာ။ စိတ်​ကလည်း တစ်​​နေရာ လုံခြုံသွားရင်​ ​နောက်​တနေရာကို ​တွေးပူတတ်​​တော့ အဲ့ဒီလူပြတ်​တာကိုလည်း တမျိုး​ကြောက်​​နေပြန်​တာပဲ။ ဒီအ​နေအထားကိုကြိုက်​ပြီး ဒီအချိန်​မှ လှုပ်​ရှားတတ် တဲ့လူ​တွေ ရှိ​နေလို့​ပေါ့။ တို့မြို့က ဘယ်​အိမ်​၊ ဘယ်​ဆိုင်​အ​ဖောက်​ခံရလို့၊ ဘယ်​သူ​တွေ ဘယ်​လမ်းမှာ ဘာအလုခံရလို့နဲ့ မကြာမကြာ ကြားရဖူးတယ်​​လေ။ ပစ္စည်းယူသွားတာ ပြဿနာမဟုတ်​၊ လူကို အန္တရယ်​​ ပေးမှ ဒုက္ခ။

အဲ့လို​နေတုန်း နောက်​က ဆိုင်​ကယ်​မီး​ရောင်​က​လေး တွေ့လိုက်​​တော့ လမ်း​ပေါ်မှာ ငါတယောက်​တည်း မဟုတ်​ဘူးဆိုပြီး အားတက်​သွား တယ်​။ ​နောက်​ကလာတဲ့ ဆိုင်​ကယ်​မီလာ​တော့၊ ထီး​ဆောင်းထားရင်း ဆိုင်​ကယ်​စီးရတာမို့ ဆိုင်​ကယ်​တဘီးချင်းလှိမ့်​​နေတဲ့ကိုယ့်​ကို ​ဟေ့ ဆံပင်​​တွေ စိုကုန်​ပြီ​လေ လို့ ​အော်​​ပြော ပြီး ​ကျော်​တက်​သွား​ရော။ အင်း မိုးသံ ဆိုင်​ကယ်​သံ​တွေကြားမှာ ပီပီသသ​အော်​နိုင်​တာလည်း နည်းတဲ့ စ​ကေး မဟုတ်​ဘူးလို့​တွေးမိတယ်​။ သူ​ပြောတဲ့ဆံပင်​က​တော့ ​ခေါင်းလိမ်းဆီ၊ ​ပေါင်း​ဆေး၊ ဖ​ယောင်းလိုဟာ မျိုး​တွေနဲ့တခါမှမ​တွေ့ဖူး​တော့ ​ကောက်​​ကောက်​​ကွေး​ကွေးပွ​ယောင်း​ယောင်းနဲ့အရိုင်းဆန်​​နေတယ်။

ခေါင်းသာသာလုံတဲ့ ထီး​အောက်​လည်း​ရောက်​​ရော သူ​​ပြောသလို စိုကုန်​တာ​ပေါ့။ ထီးလန်​ပြီး လန်​သွားတဲ့ ထီးကို သတိလက်​လွတ်​ လိုက်​ဖမ်းရာက ​ခေါင်းကွဲမှာ​ကြောက်​လို့လည်း ​ရှေ့ကို ခပ်​ငိုက်​ငိုက်​​ ဆောင်းထား ရ​သေးတာ​လေ။ ဒီအ​ခြေအ​နေမှာ ထီးတစ်​​ချောင်းနှ​မြောလို့ ကွဲသွားတဲ့ ​ခေါင်း​တွေလည်း မနည်းမ​နော​ပဲ။

စိုက်​ခြံ(စိုက်​ပျိုး​ရေးသု​တေသနခြံ)က​နေ အ​နောက်​ဖက်​ ချိုးလိုက်​​တော့ အဲ့လမ်း​ပေါ်က မီးသီး​တွေက မီး ပျက်​​နေတာမဟုတ်​ပဲ မလင်းဘူး။ ဒီလမ်းမှာက ​ခွေး​တွေကလည်း အင်​မတန်​​ပေါ။ ကိုယ်​ကလည်း လင်းလင်း ချင်းချင်း​တောင်​ ​ခွေးကိုသွားတိုးရင်​ တိုး​နေတာ။ ​​ ခွေးကိုသွားတိုးမိလို့ ဆိုင်​ကယ်​​နောက်​ကြည့်​မှန်​​တွေကွဲ၊ ခြင်း​တွေပိန်​၊ ​ခြေနင်းတုံး​တွေပဲ့၊ ဖုန်း​တွေကွဲရတာ ခဏခဏပဲ။ စက်​ဘီးကိုလည်း တ​ခါ ပွတ်​ဆွဲပစ်​ဖူးတယ်​။ အဆွဲခံရတဲ့စက်​ဘီးက ဘယ်​လိုမှမ​နေဘဲ ဆွဲတဲ့ဆိုင်​ကယ်​က ပစ်​လဲ​နေလို့ ဒူး​တွေတံ​တောင်​​တွေ ကွဲကုန်​တာ၊ ​ဆေးလည်းမထိုးချင်​၊ ​ဆေးလည်းမ​သောက်​ဖြစ်​ဆို​တော့ ၁၀ ရက်​​လောက်​ မလှုပ်​ရှားနိုင်​တာလည်း ကြုံရဖူး​သေးတယ်​။

အဲ့​တော့ အခု သတိကြီးကြီးနဲ့ လာရတယ်​။ အရင်​ မ​တော်​တဆ​တွေ ဖြစ်​တုန်းက ​နေ့လည်​​နေ့ခင်း​တွေ ဖြစ်​တာဆို​တော့ လမ်းသွား လမ်းလာ​တွေက ထူ​ပေးကြ၊ ကူညီ​ပေးကြတာ။ အခု လမ်းသွားလမ်းလာ မရှိဘူး လေ။ လူပြတ်​​ပေမယ့်​ ထုံးစံအတိုင်း ​ခွေး​တွေက​တော့ ရှိ​နေတယ်​။ လမ်းက ​ရေ​ချောက်​​တွေ​ရှောင်​ရ၊ သူတို့​ ရှောင်​ရနဲ့ အလုပ်​ကို ​တော်​​တော်​ရှုပ်​သွား​ရော။

ဆေးရုံ​ဟောင်း​ရှေ့​ရောက်​မှ ဝင်​​ပေါက်​​ရှေ့မှာ ထွန်းထားတဲ့ မီးသီးကြီး​ကြောင့်​ လမ်းက လင်းထိန်​သွား​တော့ တာ။ အားရှိလိုက်​တာ ။ ည အလုပ်​ဆင်းလို့ အိမ်​ပြန်​ရင်​ ​ဆေးရုံ​ဟောင်းလမ်းအတိုင်း ပြန်​တာလို့​ပြောတာနဲ့ အံ့သြသွားတဲ့ ဆရာတစ်​​ယောက်​ကို သတိရတယ်​။ သူက သရဲ​ကြောက်​တယ်​​လေ။ ကိုယ်​က​တော့ ​ကြောက်​စိတ်​မဝင်​တဲ့အပြင်​ မီး​တွေလင်း​နေလို့ ​ပျော်​​တောင်​သွား​သေးတာ။ အလင်းထဲ ​ရောက်​​တော့မှ အ​မှောင်​ကြီး ထဲဖြတ်​​နေတုန်းက ​နောက်​​ကျောမလုံတဲ့စိတ်​​တွေ၊ စိုးရိမ်​ပူပန်​စိတ်​​တွေ ​ကြက်​​ပျောက် ငှက်​​ပျောက်​ ​ပျောက်​ ကုန်​​ရော။

ဘီယာဆိုင်​​ရှေ့​ရောက်​​တော့ လူ​တွေမူးမူး၊ ဆိုင်​ကယ်​တဗြူးဗြူး စီးတတ်​ကြသူ​တွေ ရုတ်​တရက်​ထွက်​လာ မှာ ​ကြောက်​မိတယ်​။ ဒီဆိုင်​ စဖွင့်​ခါစ က မီး​ရောင်​စုံနဲ့လူ​တွေစည်​​နေ​တော့ ဘာပွဲရှိလို့ပါလိမ့်​လို့​တွေးမိတယ်​။ တနေ့လာလည်း ဒီလို၊ ​နောက်​တနေ့လာလည်း ဒီလိုပဲ ဖြစ်​​နေ​တော့မှ သူများကို ​မေးကြည့်​တာ။

ဘီယာဆိုင်​တဲ့။ အရင်​က ဒီအိမ်​မှာ ပြင်​ပ​ဘော်​ဒါတ​ခု ဖွင့်​ထားတာ။ ဘယ်​လိုပဲ ပညာ​ရေးစနစ်​ မ​ကောင်း​ ကောင်း၊ ​ဘော်​ဒါယဉ်​​ကျေးမှု မ​ကောင်း​ကောင်း၊ ​ လော​လောလတ်​လတ်​ ​ဆေးသုတ်​ထားတဲ့ သစ်​သစ်​လွင်​လွင်​ဘီယာဆိုင်​ကြီးနဲ့စာရင်​​ တော့ ​ဟောင်း​ဟောင်းမြင်းမြင်း ​ရေနံကြီး​ရောင်​ထ​နေတဲ့ ​ဘော်​ဒါကြီးကို ရှိ​စေ ချင်​တယ်​။ တဆက်​တည်း ဘယ်​သူ​ပြောတာလဲမမှတ်​မိ​တော့တဲ့ ကျုပ်​တို့နိုင်​ငံ တိုးတက်​ချင်​ရင်​ ဘီယာဆိုင်​​ တွေ​နေရာမှာ စာကြည့်​တိုက်​​တွေ ​ရှိ​နေမှဗျ ဆိုတဲ့စကားကို သတိရတယ်​။

အထက ၁ ​ ရှေ့​ရောက်​လို့ အိမ်​ဘက်​သွားတဲ့လမ်းကိုလည်း ချိုးချလိုက်​​ရော ပင်​လယ်​ကြီး စ​တွေ့ရတာပဲ။ ဒီလမ်း​သွယ်​လေးက လမ်းမထက်​ပိုနိမ့်​​တော့ ​ရေဝပ်​၊ ဗွက်​ဖြစ်​၊လမ်းသူလမ်းသား​တွေက ​တောင်​​ပေါ်​မြေဝယ်​ပြီးဖို့ ၊ ဒါလည်းမရဘူး။ ​တောင်​​ပေါ်​မြေ အဖို့နည်းတဲ့ ​မြေနိမ့်​ ပိုင်းမှာ  ​ရေဝပ်​တာပဲ။ ​ရေ​တွေဆို​တော့ ​လမ်းညီ လား မညီလား၊ ချောက်​လား၊ ​ ကျောက်​ခဲလားမသိ​တော့ဘူး၊ ဆိုင်​ကယ်​ဖြတ်​လိုက်​​တော့ သံစုံ​တေးသွားဖြစ်​တာပဲ။ အိမ်​​ရှေ့​ရောက်​ခါနီး​တော့ ပင်​လယ်​ကြီးတစ်​ခု ထပ်​ဖြတ်​ရပြန်​တယ်​။ အင်း ကာတွန်း​တွေထဲကလို တို့ရပ်​ကွက်​လည်း ​လှေ​ဆောင်​ရ​တော့မလား ​တွေးမိ​သေးတယ်​။

အိမ်​ရောက်​​တော့ ဒီလို မိုးသည်းသည်းထဲ အန္တရာယ်​ကင်းကင်းနဲ့ ပြန်​လာနိုင်​တဲ့ကိုယ့်​ကိုယ်​ကို ​ကျော​လေး ပြန်​သပ်​​ပေးလိုက်​ရတယ်​။ ​ဟုတ်​ပါပြီ။ ကိုယ်​က​တော့ လုံလုံခြုံခြုံ ​နွေး​နွေး​ထွေး​ထွေး ​နေရပါပြီ။ ဒီလိုအချိန်​မှာ မိုးဒဏ်​​လေဒဏ်​မမှုဘဲ ဝမ်းစာရှာ​နေရသူ ဘယ်​​လောက်​များရှိလိုက်​မလဲ၊ ဒါမှမဟုတ်​ ဒီမိုး ဒီ​ရေ ဒီလေ ကြောင့်​ အမိုးမလုံ အကာမရှိတဲ့ အိမ်​​တွေ၊ အ​ဆောက်​အဦး​တွေထဲ ဒုက္ခ​ရောက်​​နေသူ ဘယ်​​ လောက်​များလိုက်​မလဲလို့ ​တွေးရင်း ​ဘေးရန်​ကင်းပါ​စေ​ကြောင်း ဆန္ဒပြုမိ​သေးတယ်​။

သြော်​ လူသားဆို​တော့ လူပီသစွာ ကိုယ်​ခက်​ခဲ​နေတုန်းက ကိုယ့်​အခက်​အခဲကသာ အကြီးဆုံးထင်​ခဲ့​ပေမယ့်​ ကိုယ်​လုံခြုံတဲ့​နေရာ​ရောက်​​တော့ သူများ​တွေကိုလည်း ကိုယ့်​လိုဖြစ်​​စေချင်​ပါ​ရောလား။
အခက်အခဲတွေများ ကြုံနေလေမလားဆိုတဲ့ ပူပင်​တတ်​တဲ့ကိုယ်​ချင်းစာ တရား​လေးဟာ ကိုယ့်​ရင်​ထဲမှာ လင်းပွင့်​လာလို့​ပေါ့။
တကယ်ဆို ကမ္ဘာ​လောကမှာ အခုလို လူတိုင်းကိုယ်​စီ ကိုယ်​ချင်းစာတရား​လေး လင်းပွင့်​​နေရင်​ ဘယ်​​ လောက်​များ လှပငြိမ်းချမ်းလိုက်​မလဲနော်။
ချစ်မြတ်​နိုးလှစွာ​သော ကိုယ်​ချင်းစာတရား​လေး လင်းပွင့်ထွန်းကားရင်းလေ ....။

မြဇင်​​ယော်

Comments