ဇော်ရဲ (လောကဂုဏ်ရည်) ● ကန်ဆင့်တောင်ရွာ၊ မောင်စွမ်းရည်စာကြည့်တိုက်

ဇော်ရဲ (လောကဂုဏ်ရည်) ● ကန်ဆင့်တောင်ရွာ၊ မောင်စွမ်းရည်စာကြည့်တိုက်
(မိုးမခ) မတ်လ ၂၉၊ ၂ဝ၁၈

မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ မန္တလေး၊ ရတနာပုံစသော ရှေးမြန်မာမင်းနေပြည်တော်များ ပေါ် ပေါက်ခဲ့ရာဒေသဖြစ်သည့်အလျောက် မြန်မာ့ယဉ်ကျေးဓလေ့စရိုက်များနှင့် ဗုဒ်္ဓဘာသာသာသနာစည်ပင်ထွန်းကားရာဒေသဖြစ် ခဲ့ပါတယ်။ အညာဒေသမှာ ပုဂံမြို့ဟောင်းတည်ရှိရာ မြင်းခြံခရိုင် အတွင်းမှာ မြင်းခြံမြို့ရဲ့အရှေ့ဘက် ၅ မိုင်လောက်အကွာ ကျွန်တော်တို့ရွာကလေးတည်ရှိပါတယ်။

မြင်းခြံက မန်္တလေးကိုသွားတဲ့ ရထားလမ်း၊ ကားလမ်းရှိသလို မြင်းခြံ မိတီ်္ထလာသာစည်ကိုသွားတဲ့ ရထားလမ်း၊ ကားလမ်းလည်း မရှိပါ။ မြစ်လမ်းချောင်းလမ်းနဲ့ လမ်းမနီးပါ။ ဂြိုဟ်တုခေတ်မှာ  ထော် လာဂျီနဲ့သာ အသွားအလာရှိနေတဲ့ ရွာကလေးဖြစ်ပါတယ်။ အိမ် ခြေကတော့ ၈ဝ ခန့်သာရှိပါတယ်။ ရွာသိမ်ရွာငယ်၊ ဇင်ကလယ် လေးလို့ ဆိုနိုင်ပေမယ့် သမိုင်းရှိတဲ့ ရွာကလေးဖြစ်ပါတယ်။ ဟိုရှေး ရှေးနှောင်းနှောင်း အလောင်းစည်သူမင်းကြီးရဲ့ လက်ထက်ကတည်းက တည်ထောင်ခဲ့တဲ့ ရွာကလေးတစ်ရွာပါလို့ အစဉ်အလာဆိုရိုး ရှိခဲ့ပါတယ်။ အလောင်းစည်သူမင်းကြီးဟာ ပြောင်းပြာဆည်ကို တည်ဆောက်ခဲ့တယ်လို့ သမိုင်းရှိပါတယ်။ အပြောင်းပြာဆည်ဟာ ကျွန်တော်တို့ရွာကလေးရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိခဲ့ပေမဲ့ ခုအခါ တိမ်ကောသွားခဲ့ပါပြီ။ ဒါပေမဲ့ ဆည်မြေနေရာတွေကတော့ စိုက်ပျိုးမြေတွေအဖြစ်ကျန်ရှိခဲ့ပြီး အဲဒီယာမြေတွေကို “လယ်ပြင်”၊ “ဆည်ကွင်း”၊ “ဆည် အောက်”၊ “ဆည်ကြီးကွေ့”၊ “မြေတံခါး” စတဲ့ မြေကွက်အမည်တွေဟာ ဒီနေ့အထိ ခေါ်တွင်နေဆဲဖြစ်ပါတယ်။ (တချို့ပါးစပ် ရာဇဝင်များ အနော်ရထာလို့လဲ ပြောကြတာရှိပါတယ်။)

အဲဒီရွာကလေးက ရွာသားတွေကို အလောင်းအစည်သူမင်းကြီးရဲ့ မင်းမှုထမ်းများက ဆည်တော်ကို ကင်းစောင့်ဖို့ဆင့်ခေါ် တာဝန်ပေးထားသကဲ့။ ဆည်တော်စောင့်ကင်းဆင့်ခံရတဲ့ ရွာကလေးဖြစ်လို့ “ကင်းဆင့်ရွာ”ကို အမည်တွင်သတဲ့။ “ကင်းဆင့်” က ကာလရွေ့လျောပြီး “ကန်ဆင့်ရွာ”လို့ ဒီနေ့အခါ ခေါ်ထွင်နေခဲ့ပါတယ်။ အညာကျေးလက်တောရွာတွေမှာ ရေကန်တွေကို အားထားရပါတယ်။ ဒါကြောင့် ကန်ကိုအမှီပြုတဲ့ ရွာအမည်တွေများပြားခဲ့ပါတယ်။ ကဗျာဆရာဦးတင်မိုးတို့ရဲ့ ရွာက “ကန်မြဲရွာတဲ့” ကဗျာ ဆရာမောင်စွမ်းရည်တို့ရဲ့ရွာက “ကန့်ဆင့်ရွာ” တဲ့။ ကွန်မြူနစ်ခေါင်းဆောင်ဟောင်း သံမဏိမောင်မောင် တို့ရဲ့ရွာက “ကန်တော်” ဆိုထင်ပါရဲ့။ ကန္နား၊ ပျိုးကန်၊ ကန်ဆွယ်၊ ထန်နှောင်းစတဲ့ ကန်ရွာတွေ မြင်းခြံခရိုင်းအတွင်းမှာ အများကြီးရှိပါတယ်။ ကျွန်တော်တို့ရွာရဲ့ အနောက်ဖက်မှာ “ကန်ပေါက်ကြီး” ဆိုတဲ့ နွားသောက်ကန်ကြီးက ကန်ရှိပါသေး တယ်။ အဲဒီအောက်မှာ ကန်ငယ်လေးတစ်ကန်လည်းရှိလို့ ကျွန်တော်တို့ရွာကလေးရဲ့အမည်ကို ကန်ဆင့်ရွာလို့ခေါ်လေ သလားဆိုပြီး နောက်ပေါက်ပညာရှင်များက စဉ်းစားကြတာလည်းရှိပါတယ်။

မျက်မှောက်ခေတ်ပြောင်းပြာဆည်မှာ ကျွန်တော်တို့ရွာရဲ့ အရှေ့တောင်ဘတ်၊ ပြောင်းပြာချောင်းအထက်ပိုင်းကို ပြောင်းသွား ပါတယ်။ ရွာနဲ့ ၃ မိုင်လောက်လည်းဝေးသွားလို့ ပြောင်းပြာဆည် ရေနဲ့လည်းဝေးသွားပါတယ်။ ရွာထိပ်မှာရေတွင်းနှစ်တွင်းပဲရှိပါတယ်။ ယောက်ျားတွင်းနဲ့မိန်းမတွင်းတဲ့။ ယောက်ျားတွင်းမှာ မိန်းမများရေလာမချိုးရပါ။ ရေတွင်းတွေနဲ့ကပ်လျက်မှာ ရွာသူကြီးရဲ့ ဥယျာဉ်ခြံကြီးရှိခဲ့လို့ အုန်းပင်၊ ထန်းပင်တွေစည်စည်ကားကားရှိပါတယ်။ ရွာဦးမှာ ညောင်ပင်ကြီးတွေနဲ့ မန် ကျည်းပင်ကြီးတွေလည်း စိမ်းစိမ်းစိုစိုရှိပါတယ်။ ခရီးသည်တွေနားနေဖို့ သွပ်မိုးပျဉ်ကာဇရပ်ကြီးတွေလည်း ၄-၅ ဆောင်ရှိပါ တယ်။ ဒုတိယကမ်္ဘာစစ်မှာ ရွာလယ်က ပျောက်ကွယ်သွားခဲ့တဲ့ မူလတန်းကျောင်းကလေးဟာ နောင်နှစ်ပေါင်း ၅ဝ လောက် ကြာမှ ရွာဦးက မန်းကျည်ပင်ကြီးတွေရဲ့ အရိပ်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ ရွာဦးက ဖြတ်သွားတဲ့ လမ်းမကြီး မှာ အရှေ့ဘက်က ရွာများမြင်းခြံကို နေ့အိပ်ညနေ ဈေးလိုက်သွားကြတဲ့လမ်းဖြစ်ပါတယ်။ ဇရပ်တွေကတော့ အဲဒီခရီးသည်တွေ ခရီးက ထောက် နားကြရာနေရာဖြစ်လို့ ရွာဦးမှာ အကြော်သည်တွေနဲ့ ရှေးအစဉ်အဆက် စည်ကားခဲ့ပေမယ့် ခုအခါ အရှေ့ဘက်ရွာတွေက နီးရာကားလမ်းတွေဘက်ကနေ ကားနဲ့သွားကြလို့ ရွာအနီးက ဖြတ်သွားတဲ့ မြင်းခြံလမ်းမှာ တိမ်ကောသလောက်ဖြစ်သွားပါပြီ။

ကျွန်တော်တို့ရွာမှာ သူကြီးတွေအစဉ်အဆက်အုပ်ချုပ်လာခဲ့ပြီး ကိုလိုနီခေတ်နောက်ဆုံးပိုင်းမှာ သူကြီးဦးဖိုးထီးရဲ့ လက်ထက် ကို ရောက်တော့ ရွာဘုန်းကြီးကျောင်းမှာ စာတတ်ပေတတ် ဘုန်းတော်ကြီးဦးဓမ်္မိက ဆရာတော်ကြီးလည်းကျောင်းထိုင်လာပါတယ်။ သူကြီးဦးဖိုးထီနဲ့ ဆရာတော်ဦးဓမ္မကတို့ အားထုတ်မှုကြောင့် ရွာဦးမှာ နှစ်ထပ်ပျဉ်ထောင်ကျောင်းကြီးနှစ်ကျောင်းနဲ့ ခေတ်တွေ၊ ဇရပ်တန်စောင်းတွေ၊ တန်ခွန်တိုင်တွေနဲ့ စည်စည်ကားကားဖြစ်လာခဲ့ပါတယ်။ ရွာနီးချုပ်စပ်က စာသင်သားရဟန်း တွေ ၁ဝဝ လောက်ရှိခဲ့ပါတယ်။ ရွာလယ်မှာလည်း ဘုတ်တိုက်ဓမ်္မာရုံအကြီးကြီး သွပ်မိုးတန်းစောင်း ပြဿဒ်တွေနဲ့ တည် ဆောက်ထားခဲ့ပါတယ်။ ဦးဖိုးထီက သားသုံးယောက်ကိုလည်း မြို့တက်ကျောင်းထားခဲ့လို့ ကျောင်းဆရာဦးသိန်းဖေ၊ ကျောင်းဆရာဦးစိန်ထွန်းနဲ့ မြေစာရင် အင်စပတ်တော်ဦးသိန်းမောင်တို့လို ခေတ်ပညာတတ်တွေပေါ်ထွန်း ခဲ့ပါတယ်။ ရွာမှာ မူလတန်းကျောင်းနဲ့၊ ရွာစာကြည့်တိုက်တို့လည်း ရှိလာခဲ့ပါတယ်။ စာကြည့်တိုက်ဟာ လူငယ်တွေကို အမြင်ကျယ် စေပါ တယ်။ ဒါကြောင့်ဖက်တစ်တော်လှန်ရေးမှာ ကန်ဆင့်ရွာသား သူငယ်ချင်းလေးယောက်ပါဝင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ် ကျော်ဇော၊ ဗိုလ်ဗထူးတို့တပ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ စစ်ကြီးပြီးတော့ မကျိုးမကန်းမသေမပျောက် ပြန်လာနိုင်ခဲ့ကြပါတယ်။ နောက်တော့ သူတို့ဟာ လွတ်လပ်ရေးမော်ကွန်းဝင် တံဆိပ်တွေချီးမြှင့်ခံကြရပါတယ်။ ရွာနီးချုပ် စပ်မှာ ကန်ဆင့်ရွာတစ် ရွာတည်းသာ လေးယောက်အထိ မော်ကွန်းဝင်ရတဲ့ ရွာရှိပါတယ်။   အိမ်ခြေက ၁ဝဝ လောက်ပဲရှိတာပါ။ စစ်ထဲက ပြန်လာပြီးနောက် ဦးစောထွန်းကျောင်းဆရာ၊ ဦးအောင်လှက တောင်သူကြီး၊ ဦးညွန့် မောင်က ဆံသဆရာဦးဘခင်က မြေတိုင်းစာရေး-ဖြစ်လာခဲ့ကြပါတယ်။ တချို့ရွာတွေမှာ စစ်ပြန်ရဲဘော်တွေဟာ ကွန်မြူနစ် နီ-ဖြူ၊ ပြည်သူ့ရဲဘော်ဖြူ-ဝါ စသည် ကွဲကြပြဲကြပေမဲ့ ကျွန်တော်တို့ရွာမှာတော့ တစည်းတလုံးတည်း ရှင်အတူ သေမကွာနေသွားခဲ့ကြပါတယ်။ သူတို့ဟာ ကျေးရွာစာကြည့်တိုက် မွေးထုတ်လိုက်တဲ့ လွတ်လပ်ရေးမော်ကွန်းဝင်တွေလို့ ဆိုနိုင်ပါတယ်။

ခုအခါ သူတို့ရဲ့သားသမီးတွေဟာ ခေတ်ပညာတတ်ရွာလူကြီး ရွာရှေ့ဆောင်တွေ ဖြစ်လာကြပါတယ်။ သူတို့ကလည်း သူတို့ဖခင် တွေလိုပဲ ရပ်ကျိုးရွာကျိုး၊ နိုင်ငံအကျိုးဆောင်ရွက်လိုစိတ်ရှိကြပါ တယ်။ ကန်ဆင့်ရွာလွတ်လပ်ရေးမော်ကွန်းဝင်လေးဦးကို မွေးထုတ်ပေးနိုင်ခဲ့တာဟာ စာကြည့်တိုက်ကလေးရှိခဲ့ဖူးဆိုတဲ့အကြောင့် သူတို့ရွာမှာ စစ်အတွင်းကပျောက်ဆုံးသွား ခဲ့တဲ့ စာကြည့်တိုက် ကလေးမျိုးတစ်ခုကို ပြန်လည်တည်ဆောက်ချင်ကြပါတယ်။ စာ ကြည့်တိုက်နားမှာ အရင်လို ကွင်းဘား၊ တန်းဘား၊ ခြင်းဝိုင်းဆို တာမျိုးလေးတွလည်း ရှိစေချင်ကြမှာပေါ့။ စာကြည့်ရင်းက အညောင်းပြေတပြီး ကစားနိုင်တဲ့ ကစားကွင်းငယ်ကလေးတစ်ခု လည်း ပါစေချင်တာပေါ့။ သူတို့ရွာစာကြည့်တိုက်ကလေးမှ မူလ တန်းကျောင်းသားအရွယ်က စာအုပ်တချို့ယူခဲ့ဖူးတဲ့ ကလေးတစ်ယောက်ဟာ နောင်အခါမြို့တက်၊ ကျောင်းနေ၊ တက်္ကသိုလ်ရောက်၊ တက်္ကသိုလ်မဂ်္ဂဇင်းကော်မတီအတွင်းရေးမှူး၊ ကလောင်ရှင်အသင်း ရေးမှူး၊ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး(တွဲ ဘက်)စသည့် ဆောင်ရွက်ရင်းက အမျိုးသားစာပေဆုရလာခဲ့သူ ကဗျာဆရာတစ်ယောက် ဖြစ်လာခဲ့ပါသတဲ့။ သူဟာ ဦးဖိုးထီရဲ့ မြေးပါ။ ဦးသိန်းဖေရဲ့သားပါ။ အမည်ရင်းက မောင်ဝင်းဖေတဲ့။ ခုတော့ အသက် ၈ဝ ကျော်အရွယ် ဦးဝင်းဖေပေါ့။ ကလောင် နာမည်က မောင်စွမ်းရည်။

သူကြီးမင်း ဦးဖိုးထီရဲ့မြေး၊ မောင်ဝင်းဖေဟာ ပညာထူးချွန်လို့ သတ္တမတန်းအောင်တော့ အစိုးရထောက်ပံ့ကြေးစတိုင်ပင်နဲ့ မန္တလေးမြို့၊ အကြိုဆေးသင်တန်းကို ဆရာဝန်လောင်းအဖြစ် တက်ခွင့်အရွေးခံရသူ၊ မြင်းခြံခရိုင်တစ်ခုလုံးထဲက ကျောင်း သားခုနှစ်ယောက်ထဲမှ တစ်ယောက်အဖြစ်ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းချော်ပြီး ဆရာဝန်မဖြစ်တော့ဘဲ ဝိဇ်္ဇာဘွဲ့ယူ၊ ပညာ ရေးဒီပလိုမာဘွဲ့ ဆက်ယူ၊ စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ဆက်ယူ အထက်တန်း ပြဆရာလုပ်ရင်းက အခြေခံပညာကျောင်း သုံးစာအုပ်ကော်မတီရဲ့ သမိုင်းသင်ရိုးအဖွဲ့နဲ့ မြန်မာစာသင်ရိုးအဖွဲ့တို့မှာ ကျောင်းသုံးစာအုပ် များပြုစုဖို့  တာဝန်ပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာ မြန်မာစာပါ မောက္ခဒေါ်စီစီဝင်းက ဥက္ကဋ္ဌ၊ ဆရာဦးဝင်းဖေ (မောင်စွမ်းရည်) က အတွင်းရေးမှူးအဖြစ်နဲ့ သူငယ် တန်းက ဆယ်တန်းအထိ မြန်မာစာ ကျောင်းသုံးစာအုပ်များကို ပြုစုထုတ်ဝေပေးခဲ့ရပါတယ်။

ဒီလိုကျောင်းသုံးစာအုပ်တွေပြုစုဖို့ ရန်ကုန်တက်္ကသိုလ်မြန်မာ စာဌာနမှာ အလုပ်လုပ်နေစဉ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိ မာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်အဖြစ် သခင်အုန်းမြင့်၊ မုံရွာတင်ရွှေ၊ ဗိုလ်မှူးချုပ်ဟောင်ကျော်ဇော၊ ရုပ်ရှင်မင်းသား ဦးထွန်းဝေ၊ ရှေ့နေကြီးဦးထွန်းတင်၊ ဝါးခယ်မ သခင်သိန်းမောင်စသည့် ပုဂ်္ဂိုလ်များနှင့်အတူပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်တာ ဝန်ပေးခြင်းခံရပါတယ်။

အခြေခံပညာဦးစီးဌာန၊ ရုံးချုပ်မှာ သင်ရိုးဌာနခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ရုံးချုပ်စာကြည့်တိုက်မှူးတာဝန်ကိုပါ ထမ်း ဆောင်နေစဉ် ယူနက်စကိုအဖွဲ့ကကြီးမှူးပြီး ထိုင်းနိုင်ငံဘန်ကောက်  မြို့မှာ ကျင်းပတဲ့အရှေ့တောင်အာရှစာကြည့်တိုက်မှူးများ ညီလာခံကို မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့ရပါတယ်။ ထို့နောက် အလုပ်ကအငြိမ်းစားယူပြီးစအခါမှာပဲ နေသာ လန်နိုင်ငံ၊ အမ်္မစတာ ဒမ်မြို့လေခင်တက်္ကသိုလ်မှာကျင်းပတဲ့ စာပေညီလာခံတစ်ခု ဖိတ်ကြားခံရပါတယ်။ နေသာလန်နိုင်ငံစာပေညီလာခံအပြီးမှာ အမေရိကန်ပြည်ထောင်စု။ အိုင်အိုဝါတက္ကသိုလ်၊ နိုင်ငံတကာစာပေ ရေးသားမှုအစီအစဉ်သို့ ပညာ ရှင် (ဖဲလိုးရှစ်) အဖြစ် သုံးလကြာတက် ရောက်ပြီး စာပေများလေ့လာဆွေးနွေးခဲ့ရပါတယ်။ သည့်နောက် ဆက်လက်ပြီး အမေရိကန်ပြည်ထောင်စု၊ မြောက်-အီလီနှိုက် တက္ကသိုလ်မှာ အပြည်ပြည်ဆိုင်ရာပညာရေးဌာနစကောလားရှစ်ဖြင့် တစ်နှစ် ကြာမျှ တက်ရောက်ခဲ့ပါတယ်။

သည့်နောက် နယူးယောက်မြို့မှာနေထိုင်ပြီး အမေရိကန်အသံလွှင့်ဌာနများနှင့် နော်ဝေ ဒီမိုကရက်တစ် ဗမာ့အသံဌာနတို့က နေပြီး မြန်မာနိုင်ငံစစ်အာဏာရှင်လက် အောက်နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ စာပေနှင့်ယဉ်ကျေးမှုရေး ရာတို့ကို ဝေဖန် အသံလွှင့်ခဲ့ပါတယ်။ ဒါ့ကြောင့် ဗမာပြည်စစ်အစိုးရရဲ့ ငြိုပြင်မှုခံရပြီး ဗမာပြည်ကိုမပြန်နိုင်ဘဲ ကဗျာဆရာကြီးဦးတင်းမိုး၊ ပန်းချီဆရာကြီးဦးဝင်းဖေတို့နှင့်အတူ ကဗျာဆရာမောင်စွမ်းရည်လည်း အမေရိကန်ပြည်မှာ ၁၄-၅ နှစ်ကြာ ဆက်လက်နေထိုင်ရင်း ကဗျာများ၊ စာများ နိုင်ငံရေးစာပေများ ပြုစုထုတ်ဝေလျက် ရှိပါတယ်။

မူလကန်ဆင့်ရွာမှာ ရေတွင်းများနက်ပြီး၊ ရေရှားတာကြောင့် ရွာသူရွာသားအချို့ ကန်ဆင့်ရွာနှင့် တမိုင်းနီးပါးဝေးတဲ့ မြောက် အရပ်၊ ပြောင်းပြာချောင်းအနီးသို့ ပြောင်းရွှေ့သွားကြတဲ့အတွက် ကန့်ဆင့်ရွာနှစ်ရွာဖြစ်သွားခဲ့ပါတယ်။ ကန်ဆင့်တောင်ရွာ မွေးသူ မောင်စွမ်းရည်လည်း သူ့မိဘများနဲ့အတူ မြောက်ရွာကိုပါသွားခဲ့ပါတယ်။ ယခု ကန်ဆင့်တောင်ရွာက စာကြည့်တိုက် တည်ထောင်ရန် စိုင်းပြင်းကြတဲ့အခါ အမျိုးသားစာပေဆုရှင် မောင်စွမ်းရည်ကို ဂုဏ်ပြုတဲ့အနေဖြင့် မောင်စွမ်းရည် စာကြည့်တိုက်လို့ အမည်ပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။ မောင်စွမ်းရည်ရဲ့ ဦးလေးတော်၊ မော်ကွန်းများခေတ်ကနည်းတူ ကူကန်ဆင့်ရွာသူရွာသားလူငယ်များနှင့် တကွ အနီးဝန်းကျင်မှ ရွာသူရွာသားလူငယ်များပါ နိုင်ငံရေးစိတ် ဓာတ်၊ စာပေစိတ်ဓာတ်၊ ပညာရေးစိတ်ဓာတ်နိုးကြားရှင်သန်တက်ကြွလျက် အမျိုးဘာသာသနာစောင့်ရှောက်၊ မြှင့်တင်များပေါ်ထွန်း လာစေရန် ရည် သန်ပါကြောင်း။

ဇော်ရဲ (လောကဂုဏ်ရည်)
၂ဝ၁၈၊ ဖေဖော်ဝါရီ၊ ကန်ဆင့်ရွာ
0