မိုးမခရဲ့သရော်စာချိုချို
ကြင်နာတတ်သော တိုင်းမှုး၏ ၀မ်းနည်းဖွယ်ဖြစ်ရပ် နှင့် အားလုံးကို ပျော်စေချင်သူ

သတင်းနှင့် မီဒီယာကွန်ယက်
ဇန်န၀ါရီ ၆၊ ၂၀၀ရ

ကြင်နာတတ်သော တိုင်းမှုး
အောက်တိုဘာလ ၇ ရက်။ ၂၀၀၆ ခုနှစ်

အနောက်မြောက်တိုင်းကို စစ်တိုင်းမှုး အသစ် အဖြစ် ဗိုလ်ချုပ် သာအေး ပြောင်းရွှေ့ လာခဲ့သည်။

တညနေ ဂေါက်ကွင်းမှ အပြန် လမ်းနဘေး ကွင်းပြင်တွင် လူနှစ်ဦး မြက်စားနေသည်ကို မြင်လိုက်၏။

“ဟေ့ လူတွေ … ခင်ဗျားတို့ ဘာလို့ မြက်တွေ စားနေရ တာလဲ။”

အ၀တ်အစား စုတ်စုတ်ပြတ်ပြတ် နှင့် ဆင်းရဲသား တစ်ယောက်က “ဟုတ်ကဲ့ ဗိုလ်ချုပ်၊ ကျနော်တို့မှာ ဘာမှ စားစရာ မရှိတော့လို့ပါ ခင်ဗျာ” ဟု သနားဖွယ် ပြန်ပြောသည်။

တိုင်းမှုးက စုတ်တချက်သတ်လိုက်သည်။

“ဒါဆို ကျုပ်နဲ့လိုက်ခဲ့။ ကားပေါ်တက်။”

ဆင်းရဲသား တစ်ယောက်က “ဗိုလ်ချုပ်၊ ကျနော့မှာ မိန်းမနဲ့ ကလေး နှစ်ယောက်လည်း ရှိသေးတယ်။”

“အေး … ခေါ်ခဲ့ကွာ။ နောက် ဟို တယောက်လည်း လိုက်ခဲ့ကွာ။”

မြက်စားနေရသူ ဒုတိယ ဆင်းရဲသားက …

"ဗိုလ်ချုပ် ကျနော့မှာ မိန်းမနဲ့ ကလေးခြောက်ယောက်တောင် ရှိပါတယ်။”

“အေး … အေး… ၊ အကုန် ခေါ်ခဲ့ကွာ။”

ကြင်နာ သနားတတ်သော တိုင်းမှုးက ဆင်းရဲသား နှစ်ယောက်ကို သူ့ကားပေါ် တက်စေသည်။ ကျန် မိသားစုဝင်များကို လုံခြုံရေး အဖြစ် လိုက်ပါ လာသော ကားများပေါ် သို့ တက်စေသည်။

လမ်းခရီးတွင် လူဆင်းရဲတဦးက “ကျနော်တို့ မိသားစု ဒီလို မြက်စားနေရတာ ကြာပါပြီ။ အခုလို ဗိုလ်ချုပ်က ကရုဏာ ထားပြီး ခေါ်လာတဲ့ အတွက် သိပ် ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်” ဟု ပြောသည်။

ထိုအခါ တိုင်းမှုးက ဘာမှ အရေးမကြီးပါဘူးကွာ ဟူသော မျက်နှာပေးနှင့်

"အေးပါ။ အေးပါ။ မင်းတို့ အိမ်ရောက်ရင် ငါ့ကို ပိုကျေးဇူး တင်အုံးမယ်။ ငါ့အိမ်က စိုက်ထားတဲ့ မြက်တွေက နိုင်ငံခြား မြက်တွေကွ။ အခု မင်းတို့ စားနေ တဲ့ မြက်တွေထက်လည်း ပိုနူတယ်။ သိလား။ အခုမြက်တွေက တော်တော် ရှည်နေပြီ” ဟုပြောလိုက်သည်။


ဝမ်းနည်းဖွယ် ဖြစ်ရပ်
အောက်တိုဘာလ ၂၀ ရက်။ ၂၀၀၆ ခုနှစ်။

ဗိုလ်ချုပ်မှူးကြီး မြန်မာပြည် အလယ်ပိုင်းက အထက်တန်းကျောင်းသစ် ဖွင့်ပွဲကို ရောက်လာသည်။

ပဉ္စမတန်း အတန်းထဲသို့ ၀င်လာပြီး ကျောင်းသားတွေ အရည်အချင်း သိလိုသည့်အတွက် မေးခွန်းများ မေးမြန်း နေသည်။

"ကဲ … နောက်တခု အနေနဲ့“၀မ်းနည်းဖွယ် ဖြစ်ရပ်”ဆိုတဲ့ စကားလုံးပါတဲ့ အကြောင်းအရာ တခုခုကို ဘယ်သူပြောနိုင်မလဲ။”

ရှေ့ဆုံးတန်းမှ မေဇင်က ချက်ချင်းထ၍ ဖြေသည်။

“ကျောင်းရှေ့လမ်းဒေါင့်မှာ ဆိုင်ကယ်နဲ့ကားနဲ့ တိုက်ပါတယ်၊ဆိုင်ကယ်သမား ပွဲချင်းပြီးသေသွားပါတယ်၊ဒါဟာဝမ်း နည်းဖွယ် ဖြစ်ရပ် တခု ဖြစ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး ခေါင်းခါလိုက်သည်။

“ဒါမျိုးကို မတော်တဆ ဖြစ်ရပ်လို့ ခေါ်တယ်ကွဲ့၊ ကဲ နောက်တယောက်လောက် ပြောကြည့်ပါအုံး။”
မောင်မျိုးလေးက ထဖြေပြန်သည်။

“စစ်တက္ကသိုလ် ကျောင်းသားတွေ ပါလာတဲ့ ထရပ်ကား တစင်းမှောက်ပါတယ်၊ ဗိုလ်လောင်း အယောက် ၂၀ သေဆုံး သွား ပါတယ်၊ ဒါဟာ ၀မ်းနည်းဖွယ် ဖြစ်ရပ် ဖြစ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး ခေါင်းခါပြန်သည်။

“ဒါမျိုးကို ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ခေါ်တယ်ကွဲ့၊ ကဲ- ဘယ်သူဖြေအုံးမလဲ။”

ကျောင်းသားများ တိတ်ဆိတ်သွားသည်။ အချိန်အတော်လေးကြာ ဘယ်သူမှ မဖြေနိုင်ဘဲ ဖြစ်နေရာမှ ဖိုးသားလေး နေရာ မှ ထလိုက်သည်။

“ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်ရုံးချုပ် ဗိုလ်ချုပ်ကြီးတို့ စီးလာတဲ့ လေယာဉ် ပျက်ကျသွားပါတယ်၊ ဒါဟာ ၀မ်းနည်းဖွယ် ဖြစ်ရပ် ဖြစ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး မျက်နှာ တချက်ပျက်သွားသည်။ သို့သော် အဖြေမှန်သည်ဟု ဆုံးဖြတ်လိုက်ပုံ ရသည်။

“ဟုတ်ပြီကွဲ့၊ ဘာကြောင့် ဒါကို ၀မ်းနည်းဖွယ် ဖြစ်ရပ်လို့ ပြောရတာလဲကွဲ့”

ဖိုးသားလေးက ပြန်ဖြေသည်။

“တစ် အချက် ဒါဟာ မတော်တဆမှု မဖြစ်နိုင်ဘူး၊ ပိုပြီး သေချာတာက ဒါဟာ ဆုံးရှုံးမှုလည်း မဟုတ်ပါဘူး။”

အားလုံးကို ပျော်စေချင်သူ
ဇွန်လ ၅ ရက်၊ ၂၀၀၆ ခုနှစ်

ဗိုလ်ချုပ်မှူးကြီး၊ ဒု-ဗိုလ်ချုပ် မှူးကြီး နှင့် စစ်ရုံး ချုပ်မှ ဗိုလ်ချုပ် ကြီး တို့ ရဟတ် ယာဉ် စီးလာ သည်။

ရွာကြီး တစ်ရွာ ပေါ် ရောက်သောအခါ ဗိုလ်ချုပ် မှူးကြီး က ပြောလိုက် သည်။

“အခု နေ ငွေ တသောင်း ထုတ် တထုတ် လောက် ပစ်ချ လိုက်ရင်ကောက်ရ တဲ့ သူတော့ ပျော် မှာပဲ။”

ထို အခါ ဒု- ဗိုလ်ချုပ် မှူးကြီး က

“တထောင် စီ တထောင် စီ ချရင် ၁၀ ယောက် လောက် ပျော်ရ မှာပေါ့၊”

စစ်ရုံး ချုပ် ဗိုလ်ချုပ် ကြီးက “တစ်ရာတန်တွေ ကျဲချ လိုက်ရင် လူတစ်ရာ လောက်တောင် ပျော်နိုင်တယ်။”

“ငါ့ကောင် တွေ မဆိုးဘူး” ဟု စဉ်းစား ကာ ဗိုလ်ချုပ် မှူးကြီး ပြုံးလိုက်သည်။

စည်းကမ်း ရှိတဲ့ ဒီမို ကရေစီ ကို သာ ကျင့်သုံး ခွင့်ရတဲ့ အနား က ကိုယ် ရံတော် စစ်သား လေး ကတော့ ယခုလို စိတ်ထဲ က တိတ်တိတ်လေး ပြောလိုက် သည်။

“မင်းတို့ သုံးယောက်လုံးကို သာ ပစ်ချ လိုက်ရင် တတိုင်းလုံး၊ တပြည်လုံး ပျော်မှာကွ။”

(မှတ်ချက် - သတင်းနှင့် မီဒီယာကွန်ယက် အင်တာနက် စာမျက်နှာတွင် ဖော်ပြခဲ့ဖူးသော ဟာသများဖြစ်သည်။)

Comments