စကဿာပူရောက်ူမန်မာမဵား ကန်ႚကက်ြမဲ ထည့်

 စင်္ကာပူရောက် မြန်မာများကလည်း ကန့်ကွက်မဲထည့်ဟု ဆို
ဂျေမိုး၊ အာဇာနည်ဘလောက်တို့မှ ကောက်နုတ်ဖော်ပြသည်

ဧပြီ ၂၆၊ ၂၀၀၈

စင်္ကာပူနိုင်ငံတွင် ဒုတိယနေ့အဖြစ် ကြိုတင် ဆန္ဒမဲများပေးလျှက်ရှိရာ နံနက်ပိုင်းတွင် ဆန္ဒမဲပေးသူ လူဦးရေ (၇၀) ၀န်းကျင်ရှိပြီး နေ့လည်ပိုင်းမှစ၍ သံရုံးပိတ်ချိန်အထိ လူဦးရေ (၄၅၀) ကျော်ခန့် ဆန္ဒမဲပေးနိုင်ကြောင်း သတင်းများရရှိပါသည်။ ဆန္ဒမဲပေးလာသူ အများစုက ကန့်ကွက်မဲများသာ ပေးခဲ့ကြကြောင်း ပြောပြပါသည်။


ကန့်ကွက်မဲပေးရခြင်းနဲ့ပတ်သက်လို့ လူငယ်တစ်ဦးကိုမေးမြန်းရာမှာ - "ကြက်ခြေခတ် ဘာဖြစ်လို့လဲဆိုတော့ New Generation တွေအတွက် ကလေးတွေအတွက် ကျွန်တော်တို့က တာဝန်ရှိတယ်…. ဒါကြောင့်မို့ ….ကြက်ခြေခတ်လိုက်တာ" ဟု ဖြေကြားသွားပါသည်။

ကန့်ကွက်မဲပေးလာသူအများစုကို မေးမြန်းကြည့် ရာမှာတော့ ကန့်ကွက်မဲပေးတာ "မကြိုက်လို့ ပေါ့ဗျာ" ဟု တိုတိုနှင့် လိုရင်းပြောကြသူများလဲရှိပါသည်။

သံရုံးရှေ့တွင် "စင်္ကာပူမျိုးချစ်မြန်မာလူငယ်အဖွဲ့"က မဲပေးသူများစာရင်းများကို သံရုံးအပြင်ဘက်မှနေ၍ သံရုံးဝန်ထမ်းများကိုယ်စား ကောက်ယူစုဆောင်းပေးခဲ့ကြောင်း၊ သတင်းရရှိပါသည်။

နေ့လည်ပိုင်းတွင် သံရုံး၌ ကူညီပေးခဲ့သော "စင်္ကာပူမျိုးချစ်မြန်မာအဖွဲ့"မှ ကိုကျော်စိုး အား စင်္ကာပူသံရုံးနှင့် မြန်မာ ကျောင်းသားလူငယ်များ ဆက်ဆံရေးကိုမေးကြည့်ရာမှာတော့- ကိုကျော်စိုးမှ ယခုကဲ့သို့ပြောပြသွားပါသည်။

"ဒီနေ့တနေ့လုံး ပြည်သူတွေ တက်တက်ကြွကြွ မဲပေးတဲ့အပေါ်မှာ သံရုံးရဲ့ အစီအစဉ် အားနည်းတာ တွေ့ရတယ်။ သံရုံးကအရာရှိတွေကလည်း စည်းကမ်းသတ်မှတ်ချက်တွေကို တစ်ယောက်တစ်မျိုး ပြောနေတယ်။ ပြီးတော့ ပြည်သူတွေကို နေပူထဲမှာ ထား ထားတယ်။ တချို့ဆို ၂ နာရီလောက် မတ်တတ်ရပ်ပြီး စောင့်နေရတယ်။ ကလေးတွေနဲ့ အသက်ကြီးတဲ့ သူတွေ ပါတယ်။ လူကြီးတွေ အဖိုးကြီးတွေ အဖွားကြီးတွေပါတယ်။ မနက်ဖြန် တနင်္ဂနွေ မှာ လူတွေ ထောင်သောင်းနဲ့ချီ လာတဲ့အခါမှာ သူတို့ ဘယ်လို ကိုင်တွယ်မယ်ဆိုတာ ကျနော်တို့ စိုးရိမ်ပါတယ်။" ဟု ပြောကြားသည်။


ဧပြီ ၂၇ ရက် နေ့ တနင်္ဂနွေနေ့တွင် စင်္ကာပူနိုင်ငံရှိ လူငယ်အများအပြား မဲရုံသို့ သွားရောက် မဲပေးကြမယ်လို့လည်း စင်္ကာပူနိုင်ငံ နေ့စဉ်ထုတ် သတင်းစာများနဲ့ ရုပ်မြင်သံကြား သတင်းများအရ သိရှိရပါသည်။

(ဂျေမိုး ဧပြီ ၂၆၊ ၂၀၀၈)

Comments