
ပြန်လည်ဆန်းသစ်လိုက်ချင်တဲ့
ဇာဂနာနဲ့ မြပုဏ္ဏမာအဖွဲ့သားများရဲ့ ၂၀၀၀ သင်္ကြန်သီချင်းများ
မိုးမခ
ဧပြီ ၁၄၊ ၂၀၀၈
သက္ကရာဇ် ၂၀၀၀ ပြည့်တုန်းက ဇာဂနာတို့အဖွဲ့ တင်ဆက်ဖို့ကြိုးစားခဲ့တဲ့ ၂၀၀၀ သင်္ကြန်သီချင်းများ အစီအစဉ်ကို လူထုရှေ့စင်မြင့်ပေါ် တက်ခွင့်မရတဲ့ ဇာဂနာ့ ကိုယ်စား မိုးမခက တင်ဆက်လိုက်ချင်ပါတယ်။ နားဆင်ကြည့်ကြပါအုံး။
၁ - ကျနော်နံမည် သင်္ကြန် အပိုင်း (၁)
၂ - ကျနော်နံမည် သင်္ကြန် အပိုင်း (၂)
၂၀၀၆ မှာ ဇာဂနာကို စစ်အစိုးရသင်္ကြန်ကို ဝေဖန်တယ်ဆိုပြီး အနုပညာ ဖျော်ဖြေခွင့်တွေအားလုံး ပိတ်ပစ်ခဲ့တယ်။ ၂၀၀၇ မှာ ဇာဂနာဟာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ရွှေဝါရောင်သံဃာတော်တွေကို ကူညီ ထောက်ခံပြီး ရှေ့တန်းက ရပ်တည်ခဲ့၊ ပြီးတော့ လူထုကိုယ်စား ပြောဆိုဝေဖန်မှုတွေ ဆက်လုပ်နေဆဲပါပဲ။
ဇာဂနာတို့ ၀ိုင်းတော်သားတွေနဲ့ ထူထောင်ခဲ့တဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်သဘင်ဟာ ၂၀၀၈ မှာ ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ အားမာန်အဖြစ် ရပ်တည်နိုင်ခဲ့တာ အထင်အရှားပါပဲ။
၁၉၉၀ က သူတောင်းစားညီလာခံ၊ ၂၀၀၈ မှာ သူတောင်းစားဆန္ဒခံယူပွဲ အထိ ပြည်သူတွေက သောင်းသောင်းဖျဖျ အားပေးကြတာ လက်တွေ့ပဲ ဖြစ်ပါတယ်။
ပြည်သူချစ်တဲ့ အနုပညာရှင်တွေဟာ ဘယ်အာဏာရှင်တွေက ဘယ်လိုပဲ ပိတ်ပင်တားဆီးခဲ့စေကာမူ သူတို့အနုပညာတွေဟာ ဘယ်တော့မှ မသေပါဘူး။ တပါတီအာဏာရှင် ဦးနေ၀င်း မရှိတော့ပေမယ့် ဇာဂနာရဲ့ သူတောင်းစားညီလာခံက တွင်ကျန်ရစ်ခဲ့တာပါပဲ။
Comments