ပြည်သူချစ်သော အနုပညာသည်များ
ဓာတ်ပုံသတင်း
မိုးမခ
မေ ၁၆၊ ၂၀၀၈
ကလေးသူငယ်တွေမှာ ဒီလို အရေပြားအနာတွေ ဖြစ်နေကြပါတယ်

မအူပင်မှာ ငှက်ပျောကြော်နဲ့ အဖွဲ့ကို ဒုက္ခသည် ပြည်သူများကြားမှာ တွေ့ရစဉ်
ပဲခူးမှာ ဇာဂနာ၊ အောင်လွင်နဲ့ အဖွဲ့ အလှူခံနေကြစဉ်
ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးတ၀ိုက် ချောင်းလက်တက်လေးတွေက လူတွေ ဘာမှ မရသေးဘူး။ ရွာ ၁၈ ရွာလောက်က ရေထဲမှာ ကျွန်းမျောတွေလို ဖြစ်နေတာ၊ ဟယ်လီကော်ပတာနဲ့မှ ရောက်နိုင်မှာ။ ဝေဠုကျော်က လပွတ္တာ …၊ မအူပင်မှာ ငှက်ပျောကြော်တို့ …၊ ဒေးဒရဲမှာ ဧရာ နဲ့ အဖွဲ့တွေ၊ ဖျာပုံ ဘိုကလေးမှာ ကိုအောင်ခိုင်တို့၊ သတိုးစောတို့ …။ ကျနော်က ရန်ကုန်ကနေ မနက်တိုင်း ပစ္စည်းပို့ …။ ရန်ကုန်ထဲမှာ လှိုင်သာယာ၊ တောင်ဒဂ၊ုံ တိုးကြောင်ကလေးတို့မှာနေ့တိုင်း ဆန်ဝေတယ်၊ ထမင်းကျွေးတယ်။ (ဇာဂနာ ရေးတဲ့စာ)
Comments