U.S. helicopters want to go to refugees

ကူညီချင်လွန်းလို့
ဓာတ်ပုံသတင်း
မေ ၃၁၊ ၂၀၀၈

ထိုင်းနိုင်ငံ လေတပ်စခန်းတစ်ခုတွင် ယနေ့ တွေ့ရသော အမေရိကန်တို့၏ CH-53 အမျိုးအစား ရဟတ်ယာဉ်များ။ အမေရိကန်အနေဖြင့် ကယ်ဆယ်ကူညီရေးပစ္စည်းများ ဖြန့်ဖြူးရာတွင် မည်မျှ မြန်ဆန်စွာဆောင်ရွက်နိုင်သည်ကို သရုပ်ပြနေခြင်းဖြစ်သည်။

အမေရိကန် ရဟတ်ယာဉ်အများအပြားသည် ယခုလအစောပိုင်းက မြန်မာပြည် မုန်တိုင်းခံဒေသများတွင် ကူညီရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုရန် ထိုင်းနိုင်ငံတွင် အဆင်သင့်ဖြစ်နေသည်။ သို့သော်လည်း မြန်မာအစိုးရက ၀င်ရောက်ကူညီခွင့် မပြုခဲ့ပေ။

မေလ ၁၂ ရက်နေ့မှစတင်ပြီး အမေရိကန်တို့၏ C-130 ကုန်တင်လေယာဉ်များသည် မြန်မာပြည်သို့ ကယ်ဆယ်ရေးအကူအညီများ အကြိမ် ၈၀ ပျံသန်းပို့ဆောင်ခဲ့သည်။ (photos: AP)

Comments