Myanmar cyclone raises risk of forced labour: ILO

မုန်တိုင်းအပြီး လုပ်အားပေးခိုင်းမည်ကို ကမ္ဘာ့အလုပ်သမားအဖွဲ့စိုးရိမ်
AFP သတင်းဌာန
မေ ၃၁၊ ၂၀၀၈

မုန်တိုင်းတိုက်ခတ်ခံခဲ့ရသော ဒေသများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်သူများအား လုပ်အားပေးခိုင်းမည်ကို နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO က စိုးရိမ်ကြောင်း ယနေ့ ပြောကြားလိုက်သည်။
စစ်အစိုးရသည် နိုင်ငံခြားသားဝန်ထမ်းများကို ကယ်ဆယ်ရေးလုပ်ဆောင်ရမည့်ဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ထားသဖြင့်လည်း ကျယ်လောင်စွာ ဝေဖန်ခံရပြီးဖြစ်သည်။
အနီးကပ် စောင့်ကြည့်ခြင်းမရှိပါက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် မတရားမှု၊ အနိုင်ကျင့်မှုများ ဖြစ်လာနိုင်ချေ ရှိသည်ဟု ILO က ဆိုသည်။
လုပ်အားပေးခြင်း၊ ကလေးအလုပ်သမား၊ လူကုန်ကူးမှု၊ ရွှေ့ပြောင်းအလုပ်သမား စသည့် အခက်အခဲများ လေဘေးသင့်ပြီးနောက် တိုးပွားလာနိုင်သည်ဟု ပြောသည်။

Comments