ASEAN to use military to do the relief work

အာဆီယံအဖွဲ့က စစ်အင်အားဖြင့် နာဂစ်ကယ်ဆယ်ရေး ဆောင်ရွက်လိုဟု မလေးရှားကပြော
ဘာသာပြန် - ဂျေမိုး
ဇွန် ၃၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ် ခံစားနေရသော ဒုက္ခသည်များကို အာဆီယံနိုင်ငံများ၏စစ်တပ်များမှ ကူညီဆောင်ရွက်ခွင့်ပြုရန် မလေးရှားနိုင်ငံဒုတိယဝန်ကြီးချုပ် နာဂျစ် ရာဇတ်မှ လုံခြုံရေးနှင့်ပတ်သက်သည့် နိုင်ငံတကာ အစည်အဝေးမှာ တောင်းဆိုလိုက်ပါသည်။

နာဂစ်မုန်တိုင်းအလွန် မြန်မာစစ်အစိုးရမှ ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်ကြောင်း မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်၏ စစ်အစိုးရအား ကာကွယ်ပြောဆိုမှုများအပြီးတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံဒုတိယဝန်ကြီးချုပ် နာဂျစ် ရာဇတ်မှပြောဆိုရာတွင် "ယခုမုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူများစာရင်းဟာ ၂၀၀၄ ခုနှစ် အင်ဒိုနီရှားနိုင်ငံ ဆူနာမီငလျှင်ကြောင့်သေဆုံးသွားသူပေါင်း ၁၆၇၀၀၀ ထက်ပင်ပိုနိုင်တယ်" ဟုဆိုပါသည်။

စစ်အစိုးရထုတ်ပြန်သောသတင်းအရ သေဆုံးသူလူဦးရေ စုစုပေါင်း ၇၈၀၀၀ ပျေက်ဆုံးနေသူ ၅၆၀၀၀ ရှိကာ၊ လူဦးရေ ၂.၄ သန်းခန့် အစားအသောက်နှင့် သောက်ရေသန့်များ အရေးတကြီးလိုအပ်နေပါသည်။

မြန်မာစစ်အစိုးရဟာ လေမုန်တိုင်းဒဏ် ခံစားနေရသူများကို နိုင်ငံတကာမှာ စစ်ရေးအကူအညီ ပံ့ပိုးမှုများဖြင့် တိုက်ရိုက်ကူညီဖို့ကို ငြင်းပယ်ခဲ့သော်လည်း မြန်မာစစ်အစိုးရမှ ခွင့်ပြုမည်ဆိုပါလျှင် အာဆီယံ (၁၀)နိုင်ငံမှ အကူအညီပေးချင်ကြောင်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နာဂျစ်ရာဇတ် မှ အကြံပေးပြောဆိုခဲ့ပါသည်။

အာဆီယံအဖွဲ့ကြီးရဲ့ကိုယ်စား မြန်မာစစ်ခေါင်းဆောင်များကို အတိုက်အခံလုပ်ပြီး ပြောဆိုရမယ်ဆိုရင် မြန်မာပြည် လေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် အာဆီယံအဖွဲ့ကြီးမှ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ချင်ပါတယ် ဟုပြောကြားခဲ့သည်။ ၄င်းအစည်းအဝေးခန်းတွင် မြန်မာဒုတိယ ကာကွယ်ရေးဝန်ကြီး ဦးအေးမြင့် အနားတွင်ထိုင်လျှက်ရှိကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒါဟာ အာဆီယံနိုင်ငံများအတွင်း မြန်မာအစိုးရမှ နိုင်ငံတစ်ကာ အကူအညီအထောက်အပံ့များကို ငြင်းဆိုနေခြင်းများကို ဖယ်ရှားပေးဖို့ သိသာထင်ရှားတဲ့ ဖိအားပေးခြင်းဖြစ်သည်။ အာဆီယံနိုင်ငံများအတွင်း နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ ကျင့်သုံးခဲ့ရာမှ ယခုလို မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နာဂျစ်ရာဇတ် ၏တောင်းဆိုချက်မှာ ပုံမှန်မဟုတ်သောတောင်းဆိုချက်တစ်ခုဖြစ်သည်။

နာဂျစ်ရာဇတ် မှ ယခုကဲ့သို့ စစ်ရေးအကူအညီများ ရယူလိုက်ခြင်းအားဖြင့် စစ်အစိုးရအတွက် တစ်စုံတစ်ရာ ခြိမ်းခြောက်မှု မရှိဘူးဟုလည်း ပြောဆိုခဲ့သည်။ ဒုက္ခရောက်နေသူတွေထံကို စစ်ရေးအထောက် အကူပြုပစ္စည်းများ သုံးစွဲပြီး အကူအညီများပေးရေးမှအပ တခြားဘာရည်ရွယ်ချက်မှ မရှိဘူးဟုလည်း နာဂျစ်ရာဇတ်မှ သတင်းထောက်များကို အစည်းအဝေးအပြီးမှာ ပြောဆိုခဲ့သည်။

အစည်းအဝေးတွင် မြန်မာပြည်အခြေအနေဟာ အရမ်းကို စိုးရိမ်စရာဖြစ်ပြီး စစ်အကူအညီပေးမှုနှင့်ပတ်သက်ပြီး စစ်တပ်ဆိုတာ အရည်အသွေးရှိတဲ့အဖွဲ့အစည်းဖြစ်ကြောင်း စစ်ရဟတ်ယာဉ်များ ရေလမ်းကြောင်းသွား မော်တော်ငယ်များဟာ မုန်တိုင်းဒဏ်ခံနေရသူများကို ထိထိရောက်ရောက် ကယ်ဆယ်မှုများပေးနိုင်မှဖြစ်ကြောင်း ဒီလို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများစဉ်များဟာ အသွားအလာခက်ခဲ့သော နေရာများမှာ အမှန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အကယ်၍သာ မြန်မာစစ်အစိုးရအနေနှင့် အာဆီယံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ယခုကဲ့သို့ အကူအညီများ မယူခဲ့ပါလျှင် ဒက္ခသည်ပေါင်းများစွာရဲ့အသက်တွေ ဆုံးရှုံးနိုင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့ပါသည်။

http://www.tmcnet.com/usubmit/2008/06/01/3475013.htm

Comments