မေတ္ဇာရပ်ဝန်း၊ မေူမန်မာ

ဘယ်သူတွေ ဘာများ ဘလော့ဂ်နေသလဲ
မေတ္တာရပ်ဝန်း၊ မေမြန်မာ

ကိုမိုး (ပွင့်သစ်)
ဇွန် ၁၀၊ ၂၀၀၈

၁။ မေတ္တာရပ်ဝန်းမီးဖိုဆောင်
http://lulucooking.blogspot.com
ပေးထားတဲ့ခေါင်းစဉ်လေးအတိုင်း မေတ္တာအပြည့်နဲ့ စားစရာတွေ အမျိုးမျိုး ပို့ပေးနေတဲ့ မလုလုရဲ့  ဘလော့ဂ်ပါ။ အခက်အခဲတွေကြားထဲက ကျနော်တို့အတွက် ဟင်းတခွက် ပို့ဖြစ်အောင် ပို့ပေးပါတယ်။

“အားလုံးသော မောင်နှမများ မင်္ဂလာပါနော်။ နာဂစ်ကတည်းက ကျွန်မမောင်နှမတွေနဲ့ အဆက်အသွယ် ပြတ်သွားတာ အခုမှ ပြန်ချက်ကျွေးပါဦးမယ်။ နာဂစ်နောက်ပိုင်း ကျွန်မတို့ ခိုးသုံးနေတဲ့ အင်တာနက်လိုင်းက နာဂစ်စာမိသွားလို့ ခုထိပြန်မရသေးဘူးလေ။ အခု စိုင်ဘာကဖေးကနေ လာသုံးတာ။ ကျော်တဲ့ခွတဲ့လင့်ခ်တွေလည်း မသိတော့ ပို့စ်လေးရိုက်ပြီး ၀ိုင်းတော်သားတွေဆီကို မေးလ်နဲ့ ပို့ပေးထားလိုက်မယ်နော်။ ၀ိုင်းတော်သားတွေ ဆက်လက်ပြီး လော့ဂ်ပေါ်အရောက် တင်ပေးပါလိမ့်မယ်နော်။ ဒီနေ့တော့ ခရုသုပ် သုပ်ကျွေးပါရစေ။ ခရုသုပ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့……………………………..။”


သူ့ ရဲ့ မီးဖိုချောင်မှာ ဒါတွေ သွားစားနိုင်ပါတယ်။
ခရုသုပ်၊ သာကူ၊ မုန့်ဟင်းခါးဖတ်လုပ်နည်း၊ ဆင်ခေါင်းပဲ၊ သာခွေယိုင်၊ ကြက်ပတေ၊ ငါးသလောက်အချဉ်ပေါင်း၊ ကြက်ဆီထမင်း၊ ပြည်ကြီးငါး ငါးပိချက်၊ သင်္ဘောသီးသုပ်(မွန်သုပ်)၊ ပိန္နဲသီးကြက်ရိုးဟင်း၊ ငါးဂျူးမြစ်သရက်သီးချက်၊ ငါးဖယ်လုံးအစာသွပ်၊ ၀က်လက်စွပ်ပြုတ်၊ ရွှေရင်အေး၊ မုန့်လက်ကောက်၊ ငါးမြင်းဇီးဖြူသီးချက် …..စသဖြင့်

Do It Yourself (6)မျိုး
Party (5)မျိုး၊
ရိုးရာအစားအစာ (33)မျိုး၊
သတ်သတ်လွတ် (5)မျိုး၊
ဟင်း (41)မျိုး၊
ဟင်းရံ (15)မျိုး၊
အကင် (2)မျိုး၊
အချိုပွဲ (21)မျိုး၊
အရည်သောက် (25)မျိုး၊
အသုပ် (32)မျိုး၊
အခေါ်အဝေါ် (5) မျိုး၊
အကြော်အလှော် (29)မျိုး ရဲ့ ချက်နည်းပြုတ်နည်းများ ရယူနိုင်ပါတယ်။

၂။ မေမြန်မာ
http://www.educate-myanmar.com
Why Burmese do not have democracy yet? because they do not understandit. လို့ အစချီပြီး မြန်မာတွေကို အက်(ဒ)ကျူကိတ် လုပ်ထားပါတယ်။ ရေးသားဖော်ပြပုံတွေကို အကဲခတ်ကြည့်ရင် ဘလော့ဂါဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူလို့ ကောက်ချက်ချနိုင်ပါတယ်။ ဘယ်လို အက်(ဒ)ကျူကိတ်လုပ်ထားလဲ ဖတ်ကြည့်ကြစို့ရယ်။

“အမေရိကားမှာ ရာသီဥတုကလည်း တနေ့ရွှေ တနေ့ငွေ ပြောင်းတတ်လို့ အင်တာနက်နဲ့  တီဗွီမှာ အမြဲ ကြည့်ပြီး သွားလာရပါတယ်။ ဒီနေ့ဆို အလွန်ပူပါတယ် စိုထိုင်းစများလို့  လှောင်အိုက်ပြီး မူးနောက်နောက်နေပါတယ်။ အိမ်တွင်းမှာ လေအေးစက်ဖွင့်နေရပါတယ်။တခါတလေ မိုးသားတက်ပြီး မိုးချုန်းရွာတတ်ပါတယ်။နေသာပြီး ပူအိုက်လို့  လူတွေ ဘောင်းဘီတို ဟာဝေယံရှပ်တွေ နဲ့  သွားလာနေကြပါတယ်။ မိန်းမတွေ ယောင်္ကျားတွေ ပေါင် တို ဘောင်းဘီ တွေ ဝတ်ကြပါတယ်။”
Sunday, June 8, 2008

“အမေရိကားမှာ အသက်ကြီးလို့ ပင်စင်သွားတဲ့အခါ ကားကြီးတွေ ဝယ်ပြီး လည်ပတ်နေထိုင်လို့ ရပါတယ်။ စာရေးသူတို့ အသိတယောက်ဆီသွားလည်ပါတယ်။ သူရဲ့ခြံထဲမှာအိမ်မဆောက်ထားပါဘူး။ ဂိုဒေါင်ကြီးတခု ဆောက်ထားတယ်။ အိမ်ဆောက်ရင် အိမ်ခွန်ဆောင်ရမှာဈေးကြီးလို့ မဆောက်တာပါ။ ခြံထဲမှာကားကြီးရပ်ပြီး နေထိုင်ပါတယ်။ မီးသွယ်လို့ ရတယ်။ မစင်အညစ်အကြေးစွန့် ရန် ကန် ဆောက်ထားပါတယ်။ ရေ ရ ပါတယ်။



သူ့ကားဟာအိမ်လိုပါဘဲ။ မီးဖိုချောင်ပါတယ် အိမ်သာရေချိုးခန်းပါပါတယ်။ ဆောင်းတွင်းကို ပူနွေးတဲ့ ဖလော်ရီဒါကမ်းခြေကို သွားပါမယ်။ ဖလ်ေရီဒါမှာလည်း အိမ်သေးသေးတခုဝယ်ထားပါတယ်။အနားယူသူတွေ ပင်စင်စားတွေ ပျော်ပျော်ပါးပါးနေကြပါတယ်။ သူတို့တသက်လုံး အလုပ်လုပ်လာကြလို့ ယခုလို နေနိုင်ကြပါတယ်။”
Friday, June 6, 2008

“အမေရိကားမှာ တောသဘာဝ ခံစားရင်းလမ်း လျှောက်ထွက်ချင်ရင် သတ်မှတ်ထားတဲ့ အစိုးရ တောလမ်းတွေ မှာ သွားရောက် လို့ ရပါတယ်။ ကား လမ်းမတွေက ကားတွေ အိမ်တွေ ရှုပ်ပါတယ်..ဒီ တောလမ်းတွေ က သပ်သပ်ရပ်ရပ် လမ်းသွားစရာ နေရာ တံတား လှေကားထစ် စသည်တို့ လုပ်ပေးထားပါတယ်..မြန်မာပြည်က ဘုရားဖူး သွားတဲ့ နေရာတွေ လို ပေါ့။ ကျိုက်ထီးရိုးလို တော့လူမများပါဘူး။ လှေကားထစ်တွေကလည်း ဒီ မှာ တောသဘာဝမပျောက်အောင် လုပ်ထားတာတွေ့ရတယ်။ ကျိုက်ထီးရိုးမှာလို လှေကား စောက်နက် ကြီးတွေလည်းမရှိပါဘူး။ လူတွေ တဖျောက်ဖျောက်လာကြပေမဲ့ အမှိုက် တခုမှ မတွေ့ ရပါဘူး။ လူတွေ အမှိုက်မပြစ်ကြပါဘူး။ အစောင့်လည်းမရှိပါဘူး။ ဈေးသည်တွေလည်းမရှိပါဘူး။ စုံတွဲတွေလည်းမ၇ှိပါဘူး။ အတွဲချောင်းတဲ့လူတွေလည်း မ၇ှိပါဘူး။ ဝင်ကြေးလည်းပေးစရာမလိုပါဘူး။ သစ်တောတွေက အောက်ခြေ၇ှင်းပါတယ်။ မြွေ ပါးကင်းပါးမကြောက်ရပါဘူး။ သစ်ပင်တွေက သက်နုတာတွေ့ ရတယ်။ လုံးပတ်ကို ကြည့်လို့ ပြောနိုင်ပါတယ်။ ဒီအရပ်က ရှေး က လူတွေ နွားခြံ တွေ လယ်တွေလုပ်ခဲ့တာများလို့  သစ်တောတွေ တော်တော်ပြုတ်ခဲ့ပါတယ်။ နှစ်ရာကျော် သစ်ပင်အို သိပ်မရှိပါ။”
Friday, June 6, 2008

May Burma လို့ အမည်ပေးထားတာမို့ ဘလော့ဂါဟာ မလုလုလိုဘဲ အမျိုးသမီးတဦးလို့ ယူဆရပါတယ်။

Comments