ေစတနာရႀင္တိုႚရဲႚ ခရီးသၾားတဲ့ ဓာတ္ပုံမဵား



စေတနာရှင်တို့ရဲ့ ခရီးသွားတဲ့ ဓာတ်ပုံများ
ဖျာပုံ၊ ကျိုက်လတ်က ဘုန်းကြီးကျောင်း၊ ဘုရား ဒုက္ခသည်စခန်းများ
မိုးမခ
ဇွန် ၄၊ ၂၀၀၈

ဘုန်းကြီးကျောင်းနဲ့ ဆရာတော်တပါးတို့ကို တွေ့ရပါမယ်။ ရွေ့ပြောင်း ရွာသားများကို အမှတ်စဉ်၊ အမည်၊ ကျေးရွာနဲ့ စာရင်းပြုပြီး ရင်ဘတ်မှာ စာကပ်ထားပါတယ်။ အစိုးရက ရွာပြန်ကြလို့ ပြောရင် အဆင်သင့် ပြန်နိုင်အောင်လို့ပါ။

ကျောင်းတက်ရမယ်ဆိုလို့ ပျော်နေတဲ့ ကလေးတွေကိုလည်း တွေ့ရပါမယ်။ မြို့ကပေးတဲ့ ကစားစရာတွေနဲ့ တချို့ကလေးတွေထဲမှာ မိဘတွေကို နာဂစ်ထဲမှာ ဆုံးခဲ့ကြရသူတွေပါ ပါတယ်။ နအဖ ခေါင်းဆောင် မောင်အေးလာကြည့်မယ်ဆိုလို့ သူတို့တွေ မြို့ပေါ် ဒုက္ခသည်စခန်းတွေက ဖယ်ပေးကြရပါမယ်။

ဖျာပုံက ဆရာဇော်ဂျီ အမှတ်တရ စာကြည့်တိုက်ကလေးကတော့ ရေထဲမှာ ကျန်ရစ်ပါတယ်။

ယူအင်က အကူအညီတွေ လာသလားလို့ မေးကြည့်ပါ။ သူတို့ ယူအင်ဆိုတာ ဘာလဲလို့ ပြန်မေးနေကြတဲ့ အခြေအနေပါ။ စစ်အစိုးရ ပို့ထားတဲ့ အကူပစ္စည်းတွေက မြို့ဂိုဒေါင်ထဲမှာ အနံအသက်တွေ ထွက်နေပေမယ့် ဘယ်သူ့အမိန့်နဲ့ ဝေမှာလဲ ဆိုတာ မသိသေးဘူး တဲ့။

Comments