Rights group: Myanmar exchanging food for labor

မြန်မာပြည်တွင် လုပ်အားနှင့် ရိက္ခာ လဲလှယ်ခြင်း

အေပီသတင်းဌာန

ဇွန် ၅၊ ၂၀၀၈

စစ်အစိုးရက လေဘေးဒုက္ခသည်များကို လုပ်အားပေးခိုင်းပြီးမှ အစားအစာပေးကမ်းနေကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများကိုလည်း ဒုက္ခသည်စခန်းများမှ နှင်ထုတ်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ယနေ့ ပြောကြားလိုက်သည်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက စစ်အစိုးရက ပြီးခဲ့သည့်အပတ်များအတွင်း လေဘေးသင့်ဒေသရှိအခက်အခဲများကို ဖြေရှင်းမည်ဟု ကတိပြုထားသော်လည်း ဒေသအများအပြားတွင် အကူအညီများ နှောင့်နှေးအောင် ပြုလုပ်နေဆဲဖြစ်သည်ဟု ဆိုသည်။

Comments