Shwe Daung Gone Sayadaw hold dhamma talk at the bay

ရွှေတောင်ကုန်းဆရာတော် ကယ်လီဖိုးနီးယားပြည်နယ်တွင် တရားပွဲပြုလုပ်
မိုးမခအထောက်တော် အမှတ် ၂
ဇွန် ၃၀၊ ၂၀၀၈

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့တွင် ရွှေတောင်ကုန်းဆရာတော်၏ တရားပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည်။ မြန်မာပြည်သားများ နိုင်ငံရပ်ခြားတွင် အခြေချနေကြသော်လည်း ဗုဒ္ဓဘာသာအား မမေ့လျော့ဘဲ စုဝေးရောက်ရှိလာသည့်အတွက် ၀မ်းသာကြောင်း ဆရာတော်က မိန့်တော်မူသည်။ သီလပေးနေစဉ် ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်ပြီး အလေးအနက်ထားကြရန် မိန့်ကြားသည်။ ထို့နောက် ၁ နာရီကျော်ခန့် တရားဟောကြားခဲ့သည်။

ဖရီးမောင့်မြို့Los Cerritos Community Center တွင်ပြုလုပ်သော အဆိုပါ တရားပွဲသို့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာတွင် နေထိုင်ကြသော မြန်မာပြည်သား ၃၀၀ ခန့် တက်ရောက်ပြီး တရားနာခဲ့ကြသည်။

ရွှေတောင်ကုန်းသာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ (photos: moemaka)

Comments