Three Myanmar workers found slashed to death

မြန်မာပြည်သား၃ ဦး၏ရုပ်အလောင်း မလေးရှားတွင်တွေ့ရှိ
ဘနားမားသတင်းဌာန
ဇွန် ၂၊ ၂၀၀၈

လည်ပင်းနှင့်ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးသောစိုက်ပျိုးရေးအလုပ်သမား မြန်မာပြည်သား၃ ဦးကို မလေးရှားနိုင်ငံ Kampung Bukit, Ulu Jelebu အရပ်တွင် တွေ့ရှိရသည်။
ပြီးခဲ့သည့် သောကြာနေ့က ၎င်းတို့အိပ်ပျော်နေစဉ် အတူနေသူတစ်ဦးက သတ်ဖြတ်ခဲ့ဲ့ပုံရသည်ဟု ရဲတပ်ဖွဲ့က ယူဆသည်။ ရဲအရာရှိတစ်ဦးဖြစ်သူ Negeri Sembilan ၏အဆိုအရ ယမန်နေ့ နေ့လည်ပိုင်းတွင် သေဆုံးသူတို့၏ အလုပ်တာဝန်ခံက လုပ်ငန်းခွင်သို့ရောက်ရှိမလာသည့် ၎င်းတို့အား သွားရောက်ရှာဖွေရာမှ ရုပ်အလောင်းများကို တွေ့ရှိခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသားတစ်ဦး၏ မှတ်ပုံတင်တစ်ခုကို အဆိုပါနေရာတွင် တွေ့ရှိခဲ့ကြောင်း၊ အဆိုပါပုဂ္ဂိုလ်မှာ လူသတ်မှုကျူးလွန်သူဟုတ်မဟုတ် မသေချာသေးကြောင်း ရဲအရာရှိက ပြောသည်။

Comments