38 killed in Irrawaddy division ferry sinking

မြစ်ဝကျွန်းပေါ်တွင်သင်္ဘောမှောက် ၃၈ ဦးသေဆုံး
အေပီသတင်းဌာန
ဇူလိုင် ၄၊ ၂၀၀၈


ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် သင်္ဘောမှောက်သဖြင့် လူ ၄၀ ခန့် သေဆုံးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

သင်္ဘောဝမ်းဗိုက်အတွင်း ရေ၀င်သောကြောင့် ပြီးခဲ့သည့်အင်္ဂါနေ့က ရွေးမြစ်ပေါ်တွင် တိမ်းမှောက်သွားကြောင်း မြန်မာ့အလင်းသတင်းစာက ဆိုသည်။ အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပေ။ ၃၈ ဦးသေဆုံးသည်၊ ၄၄ ဦးကို ကယ်ဆယ်နိုင်ခဲ့သည် ဟုသာ သတင်းတွင် ဖော်ပြထားသည်။

သင်္ဘော၏အမည်မှာ မျိုးပပထွန်း ဖြစ်သည်။ မြောင်းမြမြို့နယ်၊ Pakeikkyi ကျေးရွာမှ ခုတ်မောင်းလာစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Comments