Blast hits USDA office

ရန်ကုန်မြို့ပြင်ရှိ ကြံခိုင်ရေးအသင်းရုံးတခုတွင် ပေါက်ကွဲမှုဖြစ်ပွား
APသတင်းဌာန
ဇူလိုင် ၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအား ချေမှုန်းလေ့ရှိကြောင်း စွပ်စွဲခံနေရသည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (ကြံခိုင်ရေးအသင်း)၏ ရုံးတရုံးတွင် ယနေ့နံနက်က ဗုံးပေါက်ကွဲခဲ့ကြောင်း မျက်မြင် သက်သေများက ဆိုသည်။ရန်ကုန်မြို့ဆင်ခြေဖုံးရှိ ရွှေပြည်သာမြို့နယ် ကြံခိုင်ရေးရုံးတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသည်။

ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပေ။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံထိန်းတပ်သားများ၊ လုံခြုံရေးအရာရှိများ အဆိုပါနေရာတွင် ပျားပမ်းခပ်နေကြကြောင်း ရွှေပြည်သာမြို့နယ် ဒေသခံတို့က ဆိုသည်။
သတင်း အသေးစိပ် ထွက်ပေါ်လာခြင်း မရှိသေးဘဲ၊ ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း မည်သူကမျှ ကြေညာခြင်း မရှိသေးပေ။ အစိုးရကလည်း ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကိုမျှ စွပ်စွဲခြင်း မရှိသေးပေ။

လူမှုရေးအသင်းတခုဖြစ်သည့် ကြံခိုင်ရေးအသင်းသည် လွန်ခဲ့သည့် ၁၅ နှစ်က ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင် ၂၃ သန်း ရှိသည်ဟု ဆိုသည်။ မြန်မာပြည်တွင် လူဦးရေ ၄၇ သန်း ရှိသည်။ထိုအသင်းကို စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးဆောင်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ထိုအသင်းကို နိုင်ငံရေး ပါတီတခု အဖြစ် ပြောင်းလဲမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ကြံ့ခိုင်ရေးအသင်းက လူမှုရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည်။ ကျန်းမာရေး လုပ်ငန်းမှအစ သစ်ပင်စိုက်ပျိုးသည့် လုပ်ငန်းအထိ ပါဝင်သည်။

ရန်ကုန်တွင် ဧပြီလက ပေါက်ကွဲမှု ၂ ခုဖြစ်ပွားခဲ့သည်။ ထိုစဉ်က လမ်းဘေးတွင် ရပ်ထားသော ကားအချို့ ပျက်စီးခဲ့သည်။

အစိုးရက ထိုပေါက်ကွဲမှုများနှင့်ပတ်သက်၍ အတိုက်အခံအဖွဲ့များ၊ လူမျိုးစုသူပုန်များအား စွပ်စွဲလေ့ရှိသည်။

Comments