Bomb blasts in Burma amid tightend security

အာဇာနည်နေ့မတိုင်ခင် လုံခြုံရေးများကြပ်တည်းသည့်ကြားထဲက ဗုံးများကွဲ
မိုးမခ အထောက်တော် ၀၀၃

ဇူလိုင် ၁၄၊ ၂၀၀၈

ယမန်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အနီးတွင် ဗုံးတလုံးပေါက်ကွဲပြီး ခရီးသည်တင်ကားတစီး ပျက်စီးသည်ဟုဆိုသည်။ ယခုလဆန်းပိုင်းကလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့သစ် ကြံ့ဖွံ့ရုံးတွင် ဗုံးတလုံး ပေါက်ကွဲခဲ့သည်။

လွတ်လပ်ရေးနှင့် အမျိုးသားရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ ကျဆုးံခဲ့သည့် ဇူလိုင် ၁၉ အာဇာနည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်တွင် လုံခြုံရေးများ တင်းကြပ်ခြင်းတို့ တိုးမြှင့်လာနေသည်ကိုလည်း တွေ့ရသည်။ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ရွှေပြည်သာ နှင့် မင်္ဂလာဒုံ မြို့နယ်များက အစပြုပြီး မြို့နယ်အနှံတိုင်းတွင် ည သန်းကောင်ချိန်ရောက်တိုင်း ရပ်ကွက် အုပ်ချုပ်ရေးနှင့် လုံခြုံရေးများက တအိမ်တက်ဆင်း ဧည့်စာရင်းစစ်နေသည်ဟု ဆိုသည်။

ယခင်နှစ်က ၁၉ ဇူလိုင် အာဇာနည်နေ့အခမ်းအနားတွင် အဲင်အယ်ဒီပါတီဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များကို စစ်အာဏာပိုင်များ၏ လက်ပါးစေ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့က မင်းမဲ့စရိုက် အကြမ်းဖက်ရန် ကြိုးစားခဲ့ကြဖူးပြီး ယခု ဇွန်လ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကိုလည်း နှောက်ယှက်ခဲ့ကြပြီး ဖြစ်ရာ ယခုနှစ် အာဇာနည်နေ့အခမ်းအနားများကို စစ်အစိုးရက မည်ကဲ့သို့ ချုပ်ချယ်တားဆီးမည်ကို ရန်ကုန်မြို့နေတို့က စောင့်ကြည့်နေကြသည်ဟု ဆိုသည်။

Comments