Burmese in NYC protested infront of Burmese Regime Office


နယူးယောက် မြန်မာမိသားစုများ ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြ
မိုးမခ အထောက်တော် ၀၀၂
ဇူလိုင် ၇၊ ၂၀၀၈

ယမန်နေ့က နယူးယောက်က မြန်မာမိသားစုများ စုဝေးကြပြီး မြန်မာပြည် ဆဲဗင်းဇူလိုင် အရေးအခင်း ၄၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နအဖ စစ်သံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၂ ဇူလိုင် ၇ ရက်မှာ စစ်အာဏာရှင်များက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို စီးနင်းဖြိုချပစ်ခဲ့ပါတယ်။ မြန်မာပြည်လွတ်လပ်ရေး လှုပ်ရှားမှုမှာ ကိုလိုနီခေတ်တလျောက်လုံး အရေးပါတဲ့ လွတ်လပ်ရေးလှုပ်ရှားမှုများ ရှင်သန်နိုးကြားရာ ကျောင်းသားသမဂ္ဂ အဆောက်အဦနဲ့တကွ ကျောင်းသားများ တရားဝင်ရပ်တည် လှုပ်ရှားမှုများကို အဲသည်ကတည်းက စပြီး မြန်မာပြည်အာဏာရှင်များက ဖိနှိပ်ခဲ့ကြတာ ဖြစ်လို့ ထိုနေ့ ထိုရက်ကို မြန်မာအရေးလှုပ်ရှားသူများက အလေးအနက်ပြုကြတာ ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်က အာဏာရှင်တွေကို ဒီနေ့မှာလည်း အထူးသဖြင့် ကန့်ကွက်ရှုတ်ချကြတာဖြစ်ကြောင်း မိုးမခကို ပြောကြားပါတယ်။ ဓာတ်ပုံ ကိုအောင်ခန့်က ကျေးဇူးပြုပါတယ်။

Comments