Daw Suu vote win 'no longer legal': Burma state media


တောင်ကိုရီးယားနိုင်ငံရောက် မြန်မာပြည်သားများက နအဖ သံရုံးအနီးသို့ ယနေ့သွားရောက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ (photo: Reuters)


ဒေါ်စု၏အောင်မြင်မှု တရားမ၀င်တော့ကြောင်း အစိုးရသတင်းစာ ရေးသား

AFP သတင်းဌာန
ဇူလိုင် ၆၊ ၂၀၀၈

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော နိုင်ငံရေးပါတီ၏ ၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် တရားဝင်မှု မရှိတော့ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ ဒေါ်စု၏ နောက်လိုက်များအား ရွေးကောက်ပွဲအသစ်အတွက် ပြင်ဆင်ရန်လည်း တိုက်တွန်းလိုက်သည်။

အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် “နေရစ်ခဲ့တော့ ၉၀ ပြည့်နှစ် ရလဒ်ဟောင်း” ဟု ခေါင်းစဉ်တပ်ပြီး ဆောင်းပါးရေးသားထားခြင်း ဖြစ်သည်။

ဒေါ်စု၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် ယခင် ရွေးကောက်ပွဲရလဒ်မှာ ယခု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်အရ တရားဝင်မှုမရှိတော့ ဟု ဆိုသည်။

ပြည်သူများက ၉၀ပြည့်နှစ် ရလဒ်ကို စွန့်ပစ်ခဲ့ကြပြီဖြစ်သောကြောင့် ၉၀ ရွေးကောက်ပွဲရလဒ် “မြောင်းထဲရောက်သွား”ပြီ ဟု ဆောင်းပါးက ဆိုသည်။ အဖွဲ့ချုပ်အနေဖြင့် ၁၉၉၀ ရလဒ်ဟောင်းကို တမ်းတငိုကြွေးနေမည့်အစား “နေရစ်ခဲ့တော့ ၉၀ပြည့်နှစ် ရလဒ်ဟောင်းလို့ ပြည်သူတို့နဲ့အတူ ကြွေးကြော်ရင်းနဲ့ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ ပါဝင်ယှဉ်ပြိုင်”ရန်လည်း ဖော်ပြထားသည်။

နိုင်ငံပိုင်သတင်းစာ ဆောင်းပါးများမှာ အစိုးရ၏တရားဝင် ထုတ်ပြန်ချက်များ မဟုတ်သော်လည်း စစ်အာဏာရှင်တို့၏သဘောထားကို ထပ်ဟပ်သော အာဘော်များဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲမှာ နာဂစ်မုန်တိုင်းအပြီးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ မေ ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် လူ ၁ သိန်းကျော် သေဆုံး ပျောက်ဆုံးခဲ့ရသည်။

ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်း ရခဲ့သည်ဟု စစ်အာဏာရှင်တို့က ကြေညာခဲ့သည်။ အဖွဲ့ချုပ်က အဆိုပါရလဒ်ကို ပယ်ချခဲ့ပြီး စစ်အစိုးရ၏ မဲလိမ်မှု မသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲထားသည်။

Comments

Lapa said…
O caso da promiscuidade das entidades que têm sustentado a manutenção do stand sucateira ilegal também é um caso de polícia e de autoridades que terão que ser investigadas por outras.

CRIME DIGO EU.