The Interogation going on to the arrested Burmese youths for helping Nargis victims

နာဂစ်အရေး ကူညီသည့် ကျောင်းသားလူငယ်များ ဖမ်းဆီးပြီး စစ်ကြောရေးထုတ်နေဟု ဆို
မိုးမခ အထောက်တော် ၀၀၃
ဇူလိုင် ၁၃၊ ၂၀၀၈

နာဂစ်အရေး ကိုယ်ထူကိုယ်ထ ကူညီဆောင်ရွက်နေသည့် ကိုဇာဂနာ၊ ကိုဇော်သက်ထွေး တို့အပြင် ရုပ်အလောင်းများကို စေတနာဝန်ထမ်း မြုပ်နှံပေးသော အဖွဲ့တခုကိုလည်း ဖမ်းဆီးခဲ့သည့် စစ်အစိုးရသည် ဓာတ်ပုံ ရိုက်သူများ၊ ရုပ်သံ မှတ်တမ်းတင်သူများ၊ သတင်းထောက်များနှင့် ကျောင်းသားလူငယ်များကိုပါ ဖမ်းဆီးထားသည်။

အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး အဖွဲ့ဝင်များ၊ မျိုးဆက်သစ် ဗကသ ကျောင်းသားလူငယ်များကို ရုံးထုတ်ခြင်း၊ စစ်ကြောရေးထုတ်ခြင်းတို့ ပြုလုပ်လျက်ရှိသည်ကို တွေ့နေရသည်။

မိဘများအနေနှင့် တချို့လူငယ်များကို ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိကြောင်း အကျဉ်းထောင်အတွင်း အကျဉ်းကျနေသူ အချင်းချင်းမှတဆင့် လိုက်လံ စုံစမ်းနေရကြောင်း ပြောကြားသည်။ ဥပဒေမဲ့ ဖမ်းဆီးခံထားရသူများအတွက် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများကိုလည်း စာရေးပြီး အကူအညီတောင်းထားကြသည်ဟု ဆိုသည်။

Comments