Mar Mar Aye 230

 ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (အမှတ် ၂၃၀)
အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်
မာမာအေး
ဇူလိုင် ၁၀၊ ၂၀၀၈
ရေဘေးလေဘေး ပူဆွေးစိတ်များကိုဖြေရန်၊ မုန်တိုင်းဒဏ်သင့်မြစ်ဝကျွန်းပေါ်နှင့် မိတ်ဆက်ပေးရန် ဒေါ်မာမာအေးက ရေဒီယိုနားထောင်သည့် သောတရှင်များအား ဧရာဝတီတိုင်းသို့ ခေါ်ဆောင်သွားသည်။
ဘိုကလေးမြို့နယ်မှ နှစ်ပေါင်း ၁၀၀ ရှိပြီဖြစ်သော သာသနာ့နယ်မြေဖြစ်သည့် ကံ့ကော်တထောင် သာသနာ့ဗိမ္မာန်တော်ကြီးအကြောင်းဖြင့် အစချီထားသည်။
ဂီတစာဆို ကိုမြတ်လင်းရေးသားပူဇော်ခဲ့သော “ရောင်ဝါနေသို့ လင်းပါစေ” သီချင်းအပိုင်းအစလည်း ထည့်သွင်းထားသည်။ ယခင်က သာသနာပြုလုပ်ငန်းများတွင် ပါဝင်ခဲ့သော ဒေါ်မာမာအေးက ဂီတမိတ်ဆွေများကို နိဗာန်အတူတကွသွားရန် စည်းရုံးခဲ့ပုံကိုလည်း ပြောပြထားသည်။
ဧရာဝတီတိုင်း ကျေးလက်သဘာဝကို ခံစားပြီး ဒေါ်မာမာအေး၏ ဗျောညွန့် သီဆိုဟန်ကို နားဆင်နိုင်သည်။

Comments