Obama on the New Yorker

New Yorker မဂ္ဂဇင်းမျက်နှာဖုံးပေါ်မှ သမ္မတလောင်း
ဓာတ်ပုံသတင်း
ဇူလိုင် ၁၅၊ ၂၀၀၈

ဇူလိုင် ၂၁ နေ့စွဲတပ် The New Yorker မဂ္ဂဇင်းမျက်နှာဖုံး သရုပ်ဖော်ပုံက ယနေ့သတင်းလောကတွင် ထိပ်တန်းရောက်နေသည်။ အမေရိကန်ပြည်ထောင်စု ဒီမိုကရက်ပါတီ သမ္မတလောင်း အိုဘားမား (Barack Obama)ကို အာဖရိကဒေသမှ မူဆလင်ဘာသာဝင်တဦးပုံ သရုပ်ဖော်ထားသည်။

ထို့ပြင် တိုက်ပွဲဝင်ဝတ်စုံ ၀တ်ထားသည့် ၎င်း၏ဇနီးနှင့် လက်သီးချင်းထိပြီးနှုတ်ဆက်နေပုံ၊မီးဖိုထဲမှ အမေရိကန်အလံ၊ မီးဖိုအထက်မှ ကမ္ဘာကျော်အကြမ်းဖက်သမား အိုစမာဘင်လာဒင်တို့ကိုလည်း တွေ့ရသည်။ အခန်း၏အနေအထားမှာ အမေရိကန်သမ္မတ၏ ဘဲဥပုံရုံးခန်းအတွင်းပိုင်းပုံကို သရုပ်ဖော်ထားခြင်းလည်းဖြစ်သည်။ (ဓာတ်ပုံ-Reuters)

Comments