Wake up from Cyclone Cartoon Exhibition held in Rangoon by Burmese Cartoonists


မုန်တိုင်းက နိုးထခြင်း ကာတွန်းပြပွဲ မြင်ကွင်း မြင်ကွင်း
မိုးမခ
ဇူလိုင် ၂၃၊ ၂၀၀၈

ယမန်နေ့က ရန်ကုန်မြို့၊ လောကနတ် ပန်းချီပြခန်းတွင် မြန်မာနိုင်ငံသား ကာတွန်းဆရာများ စုဝေးညီညွတ်ကြပြီး နာဂစ်လေဘေး ကယ်ဆယ်ရေး ရန်ပုံငွေအတွက် မုန်တိုင်းက နိုးထခြင်း ကာတွန်းပြပွဲ ကျင်းပခဲ့ပါတယ်။

စာနယ်ဇင်းဆရာ မောင်ဝံသက အဖွင့်စကားပြောကြားရာမှာ နာဂစ် က နိုးထခြင်းလို့ အမည်မတတ်ဘဲ မုန်တိုင်းက နိုးထခြင်းလို့ အမည်ပေးထားလို့ ထူးခြားပါကြောင်း၊ လောဘ မုန်တိုင်း၊ ဒေါသ မုန်တိုင်းဆိုတဲ့အထိ ဆန့်ထွက်တွေးနိုင်ကြောင်း ပြောကြားသွားပါတယ်။

ရန်ပုံငွေ တီရှပ်က ကျပ် ငါးထောင်၊ အော်တိုစာအုပ်က ကျပ် ၂၀၀ နဲ့ ကာတွန်းပုံများမှာ ကာတွန်းဆရာကြီးများက ကျပ် ငါးသောင်း ၀န်းကျင်နဲ့ ကျပ် ၁ သောင်း ၀န်းကျင် ရှိကြောင်း ကြားသိရပါတယ်။ ကာတွန်းပုံများနဲ့ ပြပွဲ မြင်ကွင်းကို အမှတ်တရ တင်ဆက်လိုက်ပါတယ်။

ကာတွန်း အော်ပီကျယ်က - " အနုပညာသည်ဟာ အနုပညာနဲ့ လှူတာ အမြင့်ဆုံးပါ" လို့ အမှတ်တရ အော်တိုမှာ ရေးပေးသွားတာကို တွေ့ရမှာပါ။

Comments

Hey... It is nice that the censorship representatives did not notice the real insight meaning of Cartoonist Aw Pi Kyae. Actually it can be understood easily by my kids Ha Ha.

It is somewhat similar as Zaganar's idea.