Burmese in SF protest with Tibet to China's Olympic at closing on August 24, 2008 Get link Facebook X Pinterest Email Other Apps ဆန်ဖရန်စစ္စကိုက မြန်မာနှင့် တိဗက်များ တရုတ်အိုလံပစ်ကို ဆန္ဒပြပွဲနှင့် ပိတ်မိုးမခ၊ ဓာတ်ပုံသတင်းသြဂုတ် ၂၄၊ ၂၀၀၈ ယမန်နေ့က ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် မြန်မာမိသားစုများနှင့် တိဗက်အစုအဖွဲ့များ စုဝေးချီတက်ကြလျက် တရုတ်အိုလံပစ်ကို ဆန္ဒပြပွဲနှင့် ပိတ်ခဲ့ကြသည်။ မြန်မာများအတွက် BADA အဖွဲ့က ဦးဆောင်သော မြန်မာဦးရေ ၅၀ ကျော်၊ တိဗက် အစုအဖွဲ့များမှာ အင်အား ၅၀၀ ကျော် ရှိပြီး ဆန်ဖရန်မြို့တွင်း ချီတက်လှည့်လည်ကန့်ကွက်ပြီးမှ တရုတ်သံရုံးရှေ့တွင် မြန်မာများနှင့်လာရောက်ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။ ယခင် ၂၀၀ရ စက်တင်ဘာက ဆန်ဖရန်မြို့ပေါ်တွင် သံဃာသပိတ်အရေးအခင်းအတွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသော မြန်မာအမျိုးသားဦးရေထက် များစွာ လျော့နည်းသည်ကို တွေ့ရသည်ဟု မြန်မာ့အရေးအတွက် လာရောက် ဆန္ဒပြသူ အမေရိကန်နိုင်ငံသားမိသားစုက မှတ်ချက်ပေးသွားသည်။ Comments
Comments