Burmese Journals Digest - July 31, 2008

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုလ် သာဂိ
ဇူလိုင် စတုတ္ထထပတ် ၂၀၀၈
ဇူလိုင် ၃၁၊ ၂၀၀၈

ဂျာနယ်ဇင်းတွေ ဖတ်သမျှ သိမ်းလည်း သိမ်း၊ ဖတ်လည်း ဖတ်ရအောင် တင်ထားတာပါ။ ခေါင်းစဉ်တွေက ဒီလိုပါတဲ့။ ပြန်လည်ထူထောင်ရေး လမ်းကြောင်းမှန်နေတယ်လို့ ကုလ မှူးချုပ်ကြီးက ပြောပါတယ် … တဲ့။ မုန်တိုင်းသင့် ကလေး ၄၀၀ ကျော် မိဘရှာဖွေနေဆဲ လို့ ဆိုပါတယ်။ ခွေးတကောင် ဓာတ်လိုက်တာ ၀င်ကယ်တဲ့ လူ ၂ ယောက် ဓာတ်လိုက်ပြီး သေဆုံးသွားတယ် တဲ့။ နာဂစ်အပြီး အခမဲ့ ဆေးခန်းတွေ အရေးပါလာပါပြီ လို့ ဆိုပါတယ်။ အင်တာနက်ပေါ်က မြန်မာလူငယ်တွေ ချက်ပြီးရင်း ချက်ပဲလားလို့ ကျော်ရင်မြင့်က မေးခွန်းထုတ်ပါတယ် တဲ့။ ဆိုင်ကလုန်း ပျက်စီးမှုဟာ ဒေါ်လာ သန်း ၄ ထောင် ကျော်တယ်လို့ စာရင်း ထွက်လာပါပြီ။ မြစ်ဝကျွန်းပေါ်မှာ အာဆင်းနစ် အဆိပ်သင့်နေပါတယ် တဲ့။ ဒဗလျူ အက်ဖ်ပီက နာဂစ်ဒုက္ခသည် ၉ သိန်းကို ၆ လစာ ရိက္ခာထောက်ထားပေးမယ်။ ဒါ့အပြင် လူ ၅ သိန်းကိုလည်း ၁ နှစ် တိတိ ကျွေးမွေးထားအုံးမယ်လို့ ပြောလိုက်ပါတယ်။ ကဲ … ကဲ … ဂျာနယ်တွေ ဂျာနယ်တွေ … ပေါ ပေါ လေး၊ ပေါ ပေါ လေး။ အခမဲ့ တင်ထားတာပါဗျား။ ဘာပဲ ဖြစ်ဖြစ် … - ဖတ်ပါ့ -

Comments