ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုလ် သာဂိ
သြဂုတ် တတိယပတ် ၂၀၀၈
သြဂုတ် ၂၁၊ ၂၀၀၈
ဂျာနယ်တွေ တင်တာ အိပ်ရေးပျက်တယ်လို့ ၀ိုင်းတော်သား ရန်လိုကျွဲက စကားတင်းဆိုပါတယ်။ ဂျာနယ်သတင်းခေါင်းစဉ်တွေကို ကိုယ့်သဘောနဲ့ကိုယ် လျောက်ပြီး နံမယ်တပ်ပစ်တော့ စာဖတ်သူတွေက သတင်းမှန်လား၊ အမှားလားဆိုပြီး ဒွိဟ ဖြစ်ရပါတယ် တဲ့။ အဲသည်တော့ သူ့ဆီ မနက်လင်းအားကြီး ဖုံးဆက်ပြီး မေးမြန်းကြလို့ ရှင်းရ လင်းရဆိုတော့ အိပ်ရေးပျက်ရတယ်တဲ့။ ဥပမာ - အိုလံပစ်မှာ မြန်မာ ရွှေတံဆိပ် ဆွတ်ခူးလို့ ခေါင်း မတတ်လိုက်သင့် ဆိုပဲ။ အဟဲ …
ထုံးစံအတိုင်း သတင်းခေါင်းစဉ်တွေက ဒီလိုပါ။ ဘုရားပေါ်ကို မြန်မာမိန်းကလေးများ ထမီဝတ်ပြီး တက်ကြစေလို့ … တဲ့။ သတင်းစာသမား ဦးဘဟန် ကွယ်လွန် … တဲ့။ မြန်မာရုပ်ရှင်အဖွဲ့အစည်းကြီးက " သန့် လေး သန့် " အဖွဲ့ကြီး ဖွဲ့လိုက်ပြီ … တဲ့။ ( မူလလက်ဟောင်း - သီး လေး သီး နဲ့ အပြိုင် လေလား မသိ …)။ နာဂစ်လွန် နိုင်ငံခြားသား ခရီးသွားလုပ်ငန်း အရေးပါ …တဲ့။ မီး မရှိလို့ လူအများ လက်ပ်တော့ သုံးစွဲမှု ပိုခေတ်စားလာ … တဲ့။
ကဲ … ကဲ … ဂျာနယ်တွေ ဂျာနယ်တွေ … ပေါ ပေါ လေး၊ ပေါ ပေါ လေး။ အခမဲ့ တင်ထားတာပါဗျား။ ဘာပဲ ဖြစ်ဖြစ် … ဖတ်ပါ့။
Comments