The Stories & The Charactors left behind by Mystery Wrtier, Min Thin Kha

မင်းသိင်္ခ မှာတမ်း

မင်းသိင်္ခ ထားခဲ့တဲ့ ဇာတ်ကောင်များ
ဓာတ်ပုံသတင်း၊ မိုးမခ

သြဂုတ် ၁၂၊ ၂၀၀၈

စာရေးဆရာ၊ ဗေဒင်လက္ခဏာနဲ့ ဂမ္ဘီရ ပညာရှင် မင်းသိင်္ခ သြဂုတ်လ ၁ ရက်က ကွယ်လွန်ခဲ့ပါတယ်။ သူနောက်ဆုံးနေထိုင်ခဲ့တဲ့ မရမ်းတလင်းခြံကြီးထဲက သူရဲ့ ထင်ရှားသော ၀တ္ထုဇာတ်ကောင် ရုပ်တုများကို ဖြော်ပလိုက်ပါတယ်။ သူကွယ်လွန်ပြီးတဲ့နောက် သူရဲ့ ဇာတ်ကောင်တွေ၊ ၀တ္ထုဇာတ်ကြောင်းတွေနဲ့ သူရဲ့ သြဇာတို့ဟာ သူ့ပရိသတ် စိတ်ထဲမှာ ဘယ်လိုစွဲကျန်ရစ်ခဲ့လေမလဲ၊ အပြင်လောကမှာကော ဒဏ္ဍာရီလိုမျိုး ဂမ္ဘီရဆန်စွာ အမှတ်တရ လည်ပတ်ကြည့်ရှုစရာအဖြစ် ကျန်ရစ်ခဲ့လေမလား ကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်စရာပဲ ဖြစ်ပါတော့တယ်။

ဦးဂွမ်တီ

ဆားပုလင်း နှင်းမောင်
စနေမောင်မောင်
ပုဏ္ဏားဘကွန်း

Comments