
အမေရိကန်သမ္မတ ထိုင်းနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့်တွေ့
ဓာတ်ပုံသတင်း
သြဂုတ် ၇၊ ၂၀၀၈




အမေရိကန်သမ္မတဘုရှ်၏ အာရှခရီးစဉ်အတွင်း ထိုင်းနိုင်ငံသို့ရောက်ရှိစဉ် မြန်မာ့အရေးလှုပ်ရှားသူများနှင့်တွေ့ဆုံခဲ့သည်။ အထက်ပါပုံများမှာ ယနေ့ နေ့လည်ပိုင်းက အမေရိကန်သံအမတ်နေအိမ်တွင် ရိုက်ကူးထားသောပုံများဖြစ်သည်။ သမ္မတဘုရှ်၏ ညာဘက်တွင်ထိုင်နေသူမှာ လွေးအေးနန်း (ပလောင်အမျိုးသမီးအစည်းအရုံး) ဖြစ်သည်။ ဘယ်ဘက်တွင် တွေ့ရသူများမှာ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်၊ စစ်ဘက် အရပ်ဘက် လေ့လာသူ ကိုဝင်းမင်းတို့ဖြစ်သည်။ (photos:AP, Reuters)
Comments