1990 election winners want junta's UN seat

စစ်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအဖွဲ့ကို အသိအမှတ်မပြုရန် တောင်းဆို

AP သတင်းဌာန

စက်တင်ဘာ ၁၀၊ ၂၀၀၈

ကုလသမဂ္ဂအဖွဲ့၌ မြန်မာ စစ်အစိုးရ ကိုယ်စားလှယ်များအစား ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တရားဝင်ရွေးချယ်ခံရသူများနှင့် အစားထိုး အသိအမှတ်ပြုရန် ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များ ပါဝင်သည့် Members of Parliament Union (Burma) အဖွဲ့က အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းထံသို့ ယမန်နေ့က တောင်းဆိုလိုက်သည်။

အေပီသတင်းဌာနမှ ရရှိသော MPU ၏ ဒုတိယဥက္ကဋ္ဌ ဒေါ်စန်းစန်း ရေးသားထားသောစာတွင် ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ အာဏာလွှဲပြောင်းရန် ငြင်းဆန်ခဲ့သည့် မြန်မာစစ်အစိုးရ၏ တရားဝင်မှုကို မေးခွန်းထုတ်ထားပြီး၊ MPU က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဦးသိန်းဦးအား မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ရွေးချယ်ထားကြောင်း ဖော်ပြထားသည်။

ဦးသိန်းဦးသည် မန္တလေးတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သည်ဟု သိရသည်။ အဆိုပါစာကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက လက်ခံရရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမည်ဟု ပြောရေးဆိုခွင့်ရှိသူ Brendan Varma က အတည်ပြု ပြောကြားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး လက်ရှိ မြန်မာစစ်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်တင့်ဆွေထံမှ ထင်မြင်ချက် ထုတ်ဖော်ခြင်း မရှိပါ။

ဒေါ်စန်းစန်း၏စာကို လာမည့် စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်မည့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေအစည်းအဝေး၌ တင်ပြဆွေးနွေးမည်ဟု ယူဆကြောင်း ဖော်ပြထားသည်။

Comments