ထောင်ဗူးပေါက်က မကြောက်တရား


ထောင်ဗူးပေါက်က မကြောက်တရား
(ဦးဝင်းတင်သို့)
မောင်စွမ်းရည်
စက်တင်ဘာ ၂၈၊ ၂၀၀၈


ထောင်ဗူးအဝင် ‘ဘူး’ခံဝင်
ထောင်ဗူးကထွက် ‘ဘူး’ခံထွက်
လက်လည်းမမြှောက် ဒူးမထောက်
သေရမှာကို သူမကြောက်
ချော့တာ မြှောက်တာ သူမမြောက်
လွတ်လပ်ခြင်းနဲ့မျှတခြင်း ငြိမ်းချမ်းခြင်းသို့ သူလမ်းဖောက်
ညီညွတ်ရေးကို သူတည်ဆောက်
‘စု’က လမ်းခင်း၊ ‘ဝင်း’က လမ်းပြ ညီညွတ်ကြ မုချပန်းတိုင်ရောက်။ ။


မောင်စွမ်းရည်
စက်တင်ဘာ ၂၃၊ ၂ဝဝ၈

သရုပ်ဖော်ပန်းချီ သြရသ

(မှတ်ချက် - 2.83 MB မူရင်းပုံရယူလိုပါက ပုံကို နှိပ်ပါ)

Comments