Burmese in San Francisco Bay Area raised fund for Orphans from Nargis Cyclone


အကြင်နာရင်ခွင် ဖန်တီးရှင် ဈေးရောင်းပွဲတော် က နာဂစ်မုန်တိုင်းသင့် ခိုကိုးရမဲ့ ကလေးငယ်များအတွက် လှူဒါန်း

မိုးမခ အထောက်တော် ၀၀၂

စက်တင်ဘာ ၂၂၊ ၂၀၀၈

ယမန်နေ့က ဖရီးမောင်မြို့တွင် ရတနာ့ဂုဏ်ရည် လူငယ်များအဖွဲ့က စေတနာဝန်ထမ်း ၀ိုင်းဝန်းစီစဉ်သည့် ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာအသင်းအဖွဲ့များ၊ မြန်မာမိသားစုများ စုပေါင်း ဈေးရောင်းပွဲတော်တခုကို ကျင်းပ၍ နာဂစ်မုန်တိုင်းသင့် ခိုကိုးရာမဲ့ကလေးသူငယ်များအတွက် ရန်ပုံငွေ အလှူပွဲတခုကို ဆောင်ရွက်ခဲ့ကြသည်။ မြန်မာရိုးရာ ယဉ်ကျေးမှု အကများ၊ တေးဂီတများ၊့ တိုင်းရင်းသား အဆိုအကများနှင့် ပရိသတ်ကို ဖျော်ဖြေခဲ့သည်။ ဖရီးမောင့်မြို့ မေတ္တာနန္ဒ၀ိဟာရ ကျောင်းတိုက် ဆရာတော် အရှင်ဓမ္မပီယ စီစဉ်ဆောင်ရွက်နေသည့် Child Aid Foundation သို့ စုပေါင်း လှူဒါန်းခဲ့ကြရာ အလှူငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ သောင်း တိတိ ရရှိခဲ့သည်ဟု သိရသည်။ ဘော်စတွန်ဒေသရောက် မြန်မာမိသားစုများ၏ အလှူငွေ ဒေါ်လာ ၂၆၀၇ ကိုလည်း ထိုပွဲတော်တွင် ဆရာတော်များထံ ကပ်လှူနိုင်ခဲ့သည်။ (ဓာတ်ပုံ - မိုးမခ)

Comments