
ထိုင်းဝန်ကြီးချုပ်ဆမတ် ရာထူးမှနှုတ်ထွက်ရန် တရားရုံးက ဆုံးဖြတ်
နယူးယောက်တိုင်းမ်
စက်တင်ဘာ ၁၀၊ ၂၀၀၈
ငွေကြေးလက်ခံကာ အချက်အပြုတ် ရုပ်မြင်သံကြား အစီအစဉ်တစ်ခု၌ ပါဝင်ခဲ့သော ထိုင်းဝန်ကြီးချုပ် ဆမတ် (Samak Sundaravej) ၏ လုပ်ရပ်သည် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်သဖြင့် ရာထူးမှ နုတ်ထွက်ရန် ထိုင်းတရားရုံးတစ်ခုက ယမန်နေ့က စီရင်ချက်ချလိုက်သည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့တွင် ထုတ်လွင့်သည့် တရားရုံး၏ ဆုံးဖြတ်ချက်ကို နားထောင်ပြီး ၀န်ကြီးချုပ်ရုံးကို ဆက်လက်သိမ်းပိုက်ထားသော အတိုက်အခံ ဆန္ဒပြသူများက ၀မ်းမြောက်စွာကြိုဆိုပြီး အချို့က ငိုကြွေးကြသည်။
"အခုကိစ္စဟာ သေးငယ်တဲ့အမှားသာဖြစ်ပြီး နိုင်ငံအုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အမှားအယွင်း မဟုတ်ပါဘူး၊ ဆမတ်ဟာ PPP (People Power Party) ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် ဆမတ်ကိုပဲ ၀န်ကြီးချုပ်အဖြစ် ပြန်ရွေးချယ်မှာ ဖြစ်ပါတယ်" ဟု PPP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ၀ှစ်ထရာ (Witthaya Buranasari) က ပြောကြားသည်။
ဆမတ်ထံမှ မည်သည့်တုန့်ပြန်ချက်မျှ မကြားရသေးသော်လည်း တရားရုံး၏ အဆုံးအဖြတ်ကို လိုက်နာမည်ဟု သိရသည်။ လာမည့် သောကြာနေ့၌ ၀န်ကြီးချုပ်အသစ်ကို ပါလီမန်က ရွေးချယ်မည်ဖြစ်ပြီး၊ ပါတီအသီးသီးအနေဖြင့် ကိုယ်စားလှယ်များကို အဆိုတင်သွင်းနိုင်သည်ဟု သိရသည်။
"တရားရုံးက ဆမတ်ကိုဖြုတ်လိုက်ပေမဲ့၊ ရက်အနည်းငယ်အတွင်းမှာ သူ အာဏာပြန် မရနိုင်ဘူးဆိုတာ ဘယ်သူမှ အာမမခံနိုင်ပါဘူး" ဟု ဆန္ဒပြမှုကို ဦးဆောင်သည့် ပီအေဒီ (Poeple's
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ နိုင်ငံတော်အစိုးရအဖွဲ့ဝင် တစ်ဦးအား ပုဂ္ဂလိကအလုပ် လက်ခံခြင်းကို တားမြစ်ထားကြောင်း၊ ဥပဒေ ချိုးဖောက်ခဲ့သော ၀န်ကြီးချုပ်အား တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း တရားသူကြီး ကိုးဦးပါဝင်သည့် နိုင်ငံတော်တရားရုံး၏ တရားသူကြီးချုပ် ချက်ချောင်လ၀မ် (Chat Chonlaworn) က ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့သည်။
ရုပ်မြင်သံကြားအစီအစဉ် ထုတ်လွင့်သည့်ကုမ္ပဏီမှ မည်သည့်ငွေကြေးကိုမှ လက်ခံခြင်းမရှိဟု ဆမတ်က တရားရုံးတွင် ခုခံပြောဆိုခဲ့သည်။ သို့ရာတွင် အချက်အပြုတ် ရုပ်မြင်သံကြားအစီအစဉ် လေးခုအတွက် ဆမတ်သည် ဒေါ်လာ ၂၃၅၀ လက်ခံခဲ့ကြောင်း ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာက ထွက်ဆိုသွားသည်။
ဆမတ်သည် လာဘ်စားမှုအပါအ၀င် အမှု သုံးခုနှင့်ရင်ဆိုင်နေရပြီး လာမည့် စက်တင်ဘာ ၂၅ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားသည့် အမှုတစ်ခုအတွက် သူ၏အယူခံဝင်ချက်ကို တရားရုံး၌ ကြားနာရန် သတ်မှတ်ထားသည်။ ထိုရက်သည် နယူးယောက်မြို့ ကုလသမဂ္ဂအစည်းအဝေးသို့ ဆမတ် တက်ရောက်မည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ တရားရုံးသို့ လာရောက်ခြင်း မရှိပါက ဆမတ်အား ဖမ်းဝရမ်းထုတ်မည်ဟု ထိုင်းတရားရုံးက ပြောကြားသည်။
ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ရွေးကောက်ပွဲ၌ ဆမတ်၏ပါတီမှ မဲလိမ်လည်မှုရှိခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ယခင်အပတ်က ကြေညာခဲ့သည်။ ယင်းအမှုကိုလည်း မကြာမီ ကြားနာမည်ဟု သိရသည်။
Comments