Fears for health of Daw Suu

ဒေါ်စု၏အသက်ရှင်သန်ရေးအတွက် အဖွဲ့ချုပ်ထုတ်ဖော်ပြောဆို

မိုးမခ အထောက်တော် ၀၀၂

စက်တင်ဘာ ၅၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်က သူမထံနေ့စဉ်ပေးပို့နေသော အစားအစာများကို လုံးဝလက်မခံတော့သည်မှာ ရက် ၂၀ ခန့်ရှိပြီဖြစ်သောကြောင့် စိုးရိမ်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ကြေညာလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၆၃ နှစ်ရှိပြီဖြစ်သည်။ ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်မှာ အကျယ်ချုပ်ဘ၀ဖြင့် နေထိုင်နေရသူဖြစ်သည်။

ဒေါ်စု၏ “ဘ၀လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေးအတွက်” မတရားဖမ်းဆီးထားသူများတွင် တာဝန်ရှိသည်ဟု ကြေညာချက်တွင် သတိပေးရေးသားထားသည်။



ကြေညာချက် စာမျက်နှာ - ၁

ကြေညာချက် စာမျက်နှာ - ၂



Comments