ကယ်လီဖိုးနီးယားတွင် စာပေဟောပြောပွဲများ ဆက်
မိုးမခ အထောက်တော် ၀၀၂
အောက်တိုဘာ ၂၈၊ ၂၀၀၈
လာမည့် နိုဝင်ဘာ ၈၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ ဧည့်သည် စာရေးဆရာ ၄ ဦး (ဦးဝင်းဖေ၊ မောင်စွမ်းရည်၊ ဒေါ်မာမာအေးနဲ့ ဆရာ အောင်ဝေး)၊ အိမ်ခံ စာရေးဆရာ ၁ ဦး (ဆရာ ဉာဏ်ဦးမောင်) တို့နဲ့ ၉ ကြိမ်မြောက် စာပေဟောပြောပွဲလုပ်မှာ ဖြစ်ပါတယ်။ အဲဒီပွဲအပြီး နောက် ၂ ပတ်အကြာ နိုဝင်ဘာ ၂၃ တနင်္ဂနွေနေ့မှာ လော့အိန်ဂျလိစ် မြန်မာမိသားစုများက ဆရာမောင်စွမ်းရည်၊ ဆရာ မောင်သာရနဲ့ ဆရာ အောင်ဝေးတို့နဲ့ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပကြမယ်လို့ ဆိုပါတယ်။
LA Organizers for Burma အဖွဲ့နဲ့ Mandalay Gazette တို့နဲ့အတူ ဒေသခံ စာပေချစ်သူများ ၀ိုင်းဝန်းစီစဉ်ကြတယ်လို့ အယ်အေက မြန်မာအမျိုးသားနေ့ စာပေဟောပြောပွဲ စီစဉ်သူတွေက ပြောပြကြပါတယ်။ ရွှေပွဲလာ စာပေပရိသတ်များကို ကော်ဖီနဲ့ မုန့်ဖြင့် ဧည့်ခံကျွေးမွေးမယ်၊ ၀င်ကြေး အခမဲ့ ဖြစ်တယ်၊ ၂၀၀၆ အမျိုးသားနေ့ပွဲတော်ကို ဆရာတင်မိုး မကွယ်လွန်မီက သူ့သူငယ်ချင်း ဆရာမောင်စွမ်းရည်နဲ့အတူ ဖိတ်ကြားစီစဉ်ခဲ့ပြီး ယခု ၂ နှစ်ကြာမှ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို မြန်မာမိသားစုများ အားလုံးစုဝေးပြီး ထပ်မံ စီစဉ်ဖြစ်လို့ ၀မ်းမြောက်ကြရတယ်လို့ သိရပါတယ်။
ဒေသ ၂ ခု က စာပေဟောပြောပွဲ ဖိတ်စာများကို ဒီနေရာတွေမှာ သွားကြည့်နိုင်ပါတယ်။
http://moemaka2008.blogspot.com
http://moemaka.com/index.php?option=com_content&task=blogsection&id=15&Itemid=113
Comments