

အခမဲ့ ကျန်းမာရေးစစ်ဆေးပွဲနှင့် ကာကွယ်ဆေးထိုးပွဲ ပြုလုပ်
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၁၁၊ ၂၀၀၈
ကော်လိုရာဒို ပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း (Burmese Community of Colorado) နှင့် (Colorado Asian Health Education and Promotion) တို့ ပူးပေါင်း၍ အခမဲ့ ကျန်းမာရေးဆေးစစ်မှုနှင့် တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့တွင် ယနေ့ မနက် ၈ နာရီမှ ညနေ ၅ နာရီ အထိ ပြုလုပ်ခဲ့သည်။မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၁၁၊ ၂၀၀၈

ဆီးချို သွေးချိုရောဂါ၊ အဆီဓာတ်လွန်ကဲမှု ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မသင့်သည့် ရောဂါ၊ အမျိုးသမီး ရင်သားကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောဂါတို့ကို စစ်ဆေးမှု ပြုလုပ်ပေးပြီး တုပ်ကွေးရောဂါ ကာကွယ်ဆေးကိုလည်း အခမဲ့ ထိုးပေးခဲ့သည်။ ထိုကျန်းမာရေးစစ်ဆေးပွဲသို့ ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသား ၃၅ဝ ကျော် လာရောက် ဆေးစစ်ဆေးမှု ခံယူခဲ့သည်။



Comments