Artist Tin Win (Beik Thano) one man show

မြန်မာပန်းချီဆရာ၏ တကိုယ်တော်ပွဲ ထိုင်းနိုင်ငံတွင်ပြုလုပ်မည်
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၄၊ ၂၀၀၈
(photo: lifestyle magazine 2007 dec)
တင်ဝင်း(ဗိဿနိုး)၏ တကိုယ်တော်ပန်းချီပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ သုဝဏ္ဏဘူမိ ပန်းချီပြခန်းတွင် ယခုလ ၁၅ ရက်နေ့မှ စတင်ပြီး ပြသမည်ဖြစ်သည်။

ဦးတင်ဝင်းသည် ရန်ကုန်မြို့ ဗိဿနိုးပန်းချီပြခန်း၏ပိုင်ရှင်ဖြစ်သည်။ မင်းဘူးမြို့ဇာတိဖြစ်သူ ဦးတင်ဝင်းသည် ပန်းချီပန်းပုကျောင်း(မန္တလေး)တွင် ပညာသင်ယူခဲ့ပြီး ၂ နှစ်အကြာ ၁၉၇၂ မှ စတင်၍ ပန်းချီပြပွဲများတွင် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်တွင်းသာမက နိုင်ငံတကာတွင်လည်း ၎င်း၏ လက်ရာများကို ပြသလျက်ရှိသည်။

Golden Triangle Art မှ တင်ဝင်း(ဗိဿနိုး)၏ လက်ရာများ
Amitmay မှ လက်ရာများ


ရက် ၂၀ ကြာ ပြသမည့် တင်ဝင်း(ဗိဿနိုး)၏ ပန်းချီပြပွဲ ဖိတ်စာ

Comments