Bamaw Tin Aung by Aung Way

ဗန်းမော်တင်အောင်
အောင်ဝေး
နိုဝင်ဘာ ၈၊ ၂၀၀၈

ညမှာထွန်းတဲ့
မော်ကွန်းတစောင် - -
အမှောင်ခွင်း၍ အလင်းဆောင်။

ပင်လယ်ရိုင်း
မုန်တိုင်းထဲ
မယိုင်လဲတဲ့ကျောက်ဆောင်။

နရသိန်စစ်စစ်ညများ
ကုန်လွန်သွားသော်
တနေ့သော် - - ။

“ဗန်းမော်တင်အောင်”
အလင်းရောင်သည်
တောင်ထိပ်ပေါ်မှာ ထွန်းလိမ့်မည်။ ။

(မူရင်း - ချယ်ရီမဂ္ဂဇင်း၊ အောက်တိုဘာ ၂၀၀၇)

Comments