Htain Linn - National Day 2008

အမျိုးသားအောင်ပွဲ မော်ကွန်း
ထိန်လင်း
နိုဝင်ဘာ ၇၊ ၂၀၀၈

‘ယူနီဗာစီတီ အက်’ တဲ့
တက္ကသိုလ်က ပြဋ္ဌာန်း
ချမ်းသာ ဆင်းရဲ ခွဲတဲ့သဘော
တင်းကျပ်တဲ့သဘော
ကန့်သတ်တဲ့သဘော
အဲဒီလို သဘောတွေကြောင့်
ကောလိပ်ကျောင်းသားတွေ အုံကြွ
ပထမ သပိတ် စခဲ့သည်။

အဲဒီ သပိတ်နဲ့အတူ
ပြည်သူတွေ နိုးကြား
‘အမျိုးသားကျောင်း’ ဆိုတာလည်း ထွက်ပေါ်
‘ကိုယ်တော်မှိုင်း’အစ ‘ဦးဘချို’အလယ်
လူငယ်များ အဆုံး
အားလုံးညီ လက်ခိုင်တွဲ
ဇာတိမာန် အံတုပွဲကို
နွှဲခဲ့ကြသည်။

၁၉၂ဝ
၁၉၃၆
ချောက် ရေနံမြေသပိတ်
ကျောင်းသားသပိတ်နဲ့ လယ်သမားသပိတ်
အင်္ဂလိပ်ကို ဖီဆန်
သမိုင်းဝင် တော်လှန်ရေးများ
တိုင်းရင်းသားတွေ စုံညီ
မြန်မာပြည် လွတ်လပ်ရေး
တေးသစ်ခဲ့သည်။

အောင်ပွဲဆင်တဲ့ သပိတ်
တိုက်ပွဲဝင်တဲ့ စိတ်
အတိတ်ကို လက်ဆင့်ကမ်း
လွတ်လမ်းကို ဆက်ရှာဖွေ
မြန်မာပြေရဲ့ ပစ္စက္ခ
ဒုတိယ လွတ်မြောက်ရေးအတွက်
သွေးချွေးတွေ ပေးနေဆဲမို့
မလွဲပေါင် မကြာခင်
တို့ပြည်ခွင် လွတ်ရစေ့မယ်
မွေးနေ့ မော်ကွန်း။ ။

၂ဝဝ၈ နိုဝင်ဘာ ၇

(နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကျရောက်မည့် ၈၈ နှစ်မြောက် အမျိုးသားအောင်ပွဲ မွေးနေ့ အမှတ်တရ)

Comments