lawyers under attack

ရှေ့နေတွေကို ချေမှုန်းပြီ
ဓာတ်ပုံသတင်း

နိုဝင်ဘာ ၇၊ ၂၀၀၈ရှေ့နေ ဦးခင်မောင်ရှိန် (တိုက်ပုံအင်္ကျီအညိုဖြင့် ထိုင်နေသူ)

ရှေ့နေ ဦးမြတ်သောင်း၊ ဦးအောင်သိန်း၊ ဦးကြည်ဝင်း

စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအတွက် အကျိုးဆောင်လျက်ရှိသော ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန် တို့ကို မျက်ကွယ်ထောင်ဒဏ် ၄ လ ချမှတ်လိုက်သည်။ ၎င်းတို့နှစ်ဦးမှာ အထိန်းသိမ်းခံနေရသည့် ဇာဂနာကဲ့သို့ ထင်ရှားသူများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ရဟန်းသံဃာများဘက်မှ အကျိုးဆောင်နေသည့် ရှေ့နေများဖြစ်သည်။
ဦးအောင်သိန်းက လာရောက်ဖမ်းဆီးမည်ကို စောင့်ဆိုင်းနေကြောင်း၊ အကျဉ်းသားဝတ်စုံပြာ၊ သုံးစွဲနေရသည့် သွေးကျဆေး တို့ကိုလည်း အသင့်ပြင်ထားပြီးဖြစ်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားလိုက်သည်။
ဦးအောင်သိန်း၏ဇနီးသည် ဒေါ်မိမိ (Mi Mi)က "ဦးအောင်သိန်း အကျိုးဆောင်ပေးနေတဲ့ အကျဉ်းသားတွေအတွက် ပိုပြီး စိုးရိမ်မိတယ်၊ သူတို့အမှုတွေ ရှေ့နေမရှိဘဲ ဘယ်လိုဆက်ဖြစ်မလဲမသိဘူး" ဟု အေပီသို့ ပြောပြခဲ့သည်။
ပြီးခဲ့သည့်လက အကျဉ်းသား ၁၁ ဦးကို အကျိုးဆောင်ပေးနေသူ ရှေ့နေ ကိုညီညီထွေး ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည်။ (ဓာတ်ပုံ - မိုးမခ၊ ၂၀၀၈ မတ်လ)

Comments